DKBA ဗုဒ္ဓဘာသာ ဒီမိုကရက်တစ် တပ်ဖွဲ့ ဝင်များ လက်နက်ချ


ထိုင်းမြန်မာ နယ်စပ် ထိုင်းနယ်မြေ ထစောင်ရမ် ခရိုင် အတွင်းမှာ စောသိန်းရွှေ (ဗိုလ်ဘိ)ဦးဆောင်တဲ့Buddhist Democratic Alliance for Democracy (DKBA) DKBA တပ်ဖွဲ့ ဝင်(၉ )ဦး ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU) တပ်ရင်းတွေ စိုးမိုးထားတဲ့ နယ်မြေမှာ လက်နက်တွေနဲ့အတူ လာရောက်လက်နက်ချ ခဲ့ကြကြောင်း သိရပါတယ်။

လက်နက်ချခဲ့သူတွေဟာ ၅၈ မီလီမီတာ မောင်းပြန်စက်သေနတ်နဲ့ အတူ M-203 AR 16သေနတ်နှစ်လက် သေနတ်အတိုတလက် နဲ့  ကျည်ဆံတွေပါ သက်ဆိုင်ရာကို အပ်ခဲ့ကြတယ်လို့  ထိုင်းနိုင်ငံ khaochad သတင်းမှာ ဖေါ်ပြထားပါတယ်။

ကရင်အမျိုးသားအစည်းရုံးနယ်မြေအတွင်းမှာ လှုပ်ရှားနေကြတဲ့ DKBA တပ်ဖွဲ့ ဝင် ၂၃ ယောက်ပါတဲ့အဖွဲ့ ဟာ နယ်မြေအတွင်းမှာ အစာရေဆာနဲ့  ထောက်ပံ့ရေး ခက်ခဲလာခဲ့ပြီး မြန်မာနယ်ခြားစောင့် BGFနဲ့  KNU ပုးပေါင်းအဖွဲ့ တွေရဲ့  ဖိအားပေးတိုက်ခိုက်လာနေတာကြောင့် ဒေသတွင်းဆက်လက်နေထိုင်ဘို့ အဆင်မပြေဖြစ်လာနေပါတယ်။ ကျန်တဲ့တပ်ဖွဲ့ ဝင် ၁၃ဦးဟာလည်း
လက်နက်ချဘို့ ပထမအသုတ်ရဲ့  သတင်းကို စောင့်နေကြတယ်လို့ ဆိုပါတယ်။

DKBA ဘာလဲ

ကရင့်တော်လှန်ရေးနှစ်(၆၀) မှတ်တမ်းမှာ ဖေါ်ပြထားတဲ့ KNU ရဲဘော်တွေထဲမှာ ဗုဒ္ဓဘာသာ ကိုးကွယ်ကြတဲ့ ကရင်တိုင်ရင်းသားတွေပါဝင်ပြီး ခရစ်ယာန်ဘာသာဝင်က အများစုပါ။
၁၉၉၅ ဒီဇင်ဘာလမှာ KNU ထဲက တပ်သား အင်အား ၅၀၀ ခန့် ပုန်ကန်ခွဲထွက်သွားပါတယ်။ ခွဲထွက်သူတွေဟာ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ တပ်ဖွဲ့ဝင်တွေပါ။ သူတို့က ဒီကေဘီအေ(DKBA) ဆိုပြီး အဖွဲ့တခုကို တည်ထောင်လိုက်ပါတယ်။ တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) လို့ အမည်ပေးပါတယ်။
ကရင် တပ်ရင်းတွေနဲ့  ဗဟိုဦးဆောင်နေသူအဖွဲ့ မှာ ခရစ်ယာန်ဘာသာဝင်တွေဟာ ရာထူးကြီး နေရာယူထားတယ် ဗုဒ္ဓဘာသာ ကရင်တပ်သားတွေဟာ ရှေ့ တမ်းမှာ သာ တိုက်နေကြရတာကို မကြေမနပ်ဖြစ်လာခဲ့ကြတာဟာ အဓိကအကြောင်း အရင်းဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ ဒီကရင်အဖွဲ့နှစ်ဖွဲ့ ပြန်လည် ပေါင်းစည်းနိုင်ရေးအတွက် မိတ်ဆွေတချို့က ကြားဝင် ဖြေရှင်းပေးဖို့ ကြိုးစားပါသေးတယ်။ မအောင်မြင်ပါ။
ကရင်တပ်တွေကွဲတဲ့အခါ မြန်မာစစ်တပ်က DKBA နဲ့ အနီးကပ်ဆက်ဆံခဲ့တယ် နယ်မြေအတွင်းလုပ်ပိုင်ခွင့်တွေပေးလိုက်ပြီး ဆွဲစိလိုက်တယ်။
ဒါနဲ့ပဲ DKBAဟာ စစ်အစိုးရရဲ့ မဟာမိတ်ဖြစ်သွားပါတယ်။ အကျိုးဆက်ကတော့ KNUရဲ့နာမည်ကျော် မာနယ်ပလော ဌာနချုပ်စခန်းကြီး ကို မြန်မာ စစ်တပ်က DKBA အကူညီနဲ့  သိမ်းလိုက်နိုင်ပါတယ်။

ဟိုတုန်းက မာနယ်ပလောကို မြန်မာ့တပ်မတော်က တပ်ရင်းတပ်ဖွဲ့အလုံးအရင်းနဲ့ ၀င်တိုက်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ နယ်မြေကျွမ်းကျင်တဲ့၊ မာနယ်ပလော ဒေသခံတွေဖြစ်တဲ့ DKBA ကရင်တပ်ဖွဲ့တွေကို ဦးဆောင်ပြီး ၀င်တိုက်ခိုင်းမှပဲ မြန်မာ့တပ်မတော်က အောင်မြင်ခဲ့ပါတယ်။
၂၇.၁.၉၅ ရက်နေ့ ညနေ ၅ နာရီ ၂၅ မှာကေအန်ယူတို့ ရဲ့  လွတ်မြောက်နယ်မြေ မာနယ်ပလောစခန်းကြီး ဗဟိုဌာနချုပ်တစ်ခုလုံးဟာ တပ်မ ၆၆ ရဲ့ သိမ်းပိုက်ချေမှုန်းခြင်း ခံခဲ့ရပါတယ်။ အဆိုပါစခန်းမှာ ဒီမိုကရက်တစ်တပ်ဦး (ABSDF)ထိုင်ထားတဲ့ အဓိကစခန်းတွေပါ ဆုတ်ပေးခဲ့ရပါတယ်။

မြန်မာတပ်မတော် အနေနဲ့ သမိုင်းမှာ ဘယ်တုန်းကမှ မရခဲ့ ဖူး ဘူးတဲ့ စစ်ရေး အသာစီးရခဲ့ပါတယ် မနယ်ပလောကျဆုံးမှု က ကရင်အမျိုးသားအစည်းအရုံး အဖွဲ့ ရဲ့ မြန်မာပြည်တွင်းမှာရှိတဲ့ နောက်ဆုံး အခြေစိုက်စခန်းကို လက်လွှတ်လိုက်ရတာ ဖြစ်သလို အနာဂတ်ကာလမှာ ဘယ်လို စစ်ရေးလှုပ်ရှားမှု ကြီးကြီးမားမားကိုမှ ဆက်လက် လုပ်ဆောင်နိုင်ခြင်း မရှိတော့မယ့် အခြေအနေလဲ ဖြစ်ပါတယ်။

နောက်ပိုင်းငြိမ်းချမ်းရေးကာလမှာတော့ တိုင်းရင်းသားအဖွဲ့ တွေနဲ့  မြန်မာစစ်တပ် အဆင်ပြေ ဆက်ဆံမှုတွေ တိုးမြင့်လာတဲ့အခါ မြန်မာစစ်တပ်နဲ့ ဦးဆုံးပေါင်းခဲ့တဲ့ DKBAအတွက် ဇတ်ပွဲပြီး ဖင်ခုထိုင်တဲ့ သတင်းစာ စက္ကူကို စွန့် ပစ်သလို ဆက်ဆံခံရပြီး နယ်ခြားစောင့် တပ်အဖြစ် အသွင်းပြောင်းဘို့  ဖိအားတွေပြန်ပေးခဲ့ပါတယ်။

ကိုကား khaochad.
Social Action for Children and Women - SAW
DKBA ဗုဒ္ဓဘာသာ ဒီမိုကရက်တစ် တပ်ဖွဲ့ ဝင်များ လက်နက်ချ DKBA ဗုဒ္ဓဘာသာ ဒီမိုကရက်တစ် တပ်ဖွဲ့ ဝင်များ လက်နက်ချ Reviewed by THITHTOOLWIN on 14:18 Rating: 5
Powered by Blogger.