အမေရိကန် နိုင်ငံ Colorado ပြည်နယ် တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား ရာ ၂ ဦး သေဆုံး ၆ ဦး ဒဏ်ရာရရှိ

အမေရိကန် နိုင်ငံ Colorado ပြည်နယ် တွင် ဖြစ်ပွား ခဲ့သည့် သေနတ် ပစ်ခတ်မှု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)
 လော့စ်အိန်ဂျလိစ် ၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

    အမေရိကန် နိုင်ငံ Colorado ပြည်နယ် Denver မြို့တွင် ဒီဇင်ဘာ ၃၁ ရက် နံနက်ပိုင်း အချိန်တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ရာ ရဲတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ပြီး အခြားရဲတပ်ဖွဲ့ဝင် ၄ ဦး နှင့် အရပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ရာ  တိုက်ခိုက်သူ မှာလည်း ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

ရဲတပ်ဖွဲ့ ၏ ပြောကြားချက်အရ တိုက်ခိုက်မှုမှာ နံနက် ၅ နာရီ ၁၃ မိနစ် တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ၊ မိသားစုတွင်း အငြင်းပွားရာမှ စတင်ခဲ့ကြောင်း သိရှိခဲ့ရသည်။

အခင်းဖြစ်ပွားစဉ် ရဲတပ်ဖွဲ့ က ပြည်သူလူထု များအား ဘေးလွတ်ရာသို့ ထွက်ခွာရန် ကြေညာ ခဲ့ပြီး အခင်းဖြစ်ပွားရာ နေရာမှ ၄ ကီလိုမီတာ အကွာတွင် ယာယီတိမ်းရှောင် စခန်း ပြုလုပ်ပေး ခဲ့သည်။

လက်ရှိချိန်တွင် သေနတ် ပစ်ခတ်မှု နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ မှ စုံစမ်းစစ်ဆေးမှု များ ဆက်လက်ဆောင်ရွက်နေကြောင်း သိရှိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အမေရိကန် နိုင်ငံ Colorado ပြည်နယ် တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား ရာ ၂ ဦး သေဆုံး ၆ ဦး ဒဏ်ရာရရှိ အမေရိကန် နိုင်ငံ Colorado ပြည်နယ် တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား ရာ ၂ ဦး သေဆုံး ၆ ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 18:24 Rating: 5
Powered by Blogger.