ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် သခင်အုန်းဖေကြီးလမ်းတွင် မီးလောင်မှုဖြစ်ပွား


ရန်ကုန် ဇန်နဝါရီ ၁၄

ရန်ကုန်အရှေပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၈)ရပ်ကွက်၊ သခင်အုန်းဖေကြီးလမ်း၊ အိမ်အမှတ်-၃၁၅ဒေါ်မြအေး၏နှစ်ထပ်နေအိမ်တွင်ဇန်နဝါရီ ၁၄ ရက် နံနက် ၈ နာရီ ၅ မိနစ်အချိန်က ခြင်ရိုက်သည့် ဘက်တံအား မီးအားသွင်းထားရာမှ အပူလွန်ကဲပြီး အရည်ပျော်ကာ အောက်သို့ ပြုတ်ကျပြီး အောက်ရှိ မွေ့ရာ ပေါ်သို့ ကျရာမှ မီးစတင်လောင်ကျွမ်းကြောင်းသိရသည်။

မီးလောင်ရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်(၃)စီးဖြင့် မီးငြိမ်းသတ်ခဲ့ရာ ၈ နာရီ ၁ု၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။ မီးလောင်မှုဖြစ်ပွားရာသို့ Level-1 အကူယာဉ်အုပ်စု(၁၄)စီး၊ အုပ်ချုပ်မှုယာဉ်(၂)စီး၊ အထောက်အကူပြုယာဉ်(၆)စီး စုစုပေါင်း(၂၂)စီးဖြင့် တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးဦးမျိုးဝင်း၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးကိုကိုကြီး၊ မြို့နယ်မီးသတ်မှ ဦးအောင်ကျော်စိုးတို့၏ ကြီးကြပ် ကွပ်ကဲမှုဖြင့်သန္ဓေမီးသတ်(၉၆)ဦး၊ အရန်မီးသတ်(၄၅)ဦး၊ သီးသန့် မီးသတ်(၅)ဦးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် နေအိမ်တစ်လုံးမီးလောင်ဆုံးရှုံးပြီး ကျပ် ၁၈ သိန်းကျော်ခန့် ဆုံးရှုံးခဲ့ပြီး ဒေါ်မြအေး (၇၀)နှစ်အား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် သခင်အုန်းဖေကြီးလမ်းတွင် မီးလောင်မှုဖြစ်ပွား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် သခင်အုန်းဖေကြီးလမ်းတွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:18 Rating: 5
Powered by Blogger.