ရိုက်တာသတင်းထောက်နှစ်ယောက်ကို ဒုတိယအကြိမ် ရုံးထုတ်မယ်

ဒုတိယ အကြိမ် ရုံးထုတ်မယ်
မြန်မာနိုင်ငံမှာ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်လို့ ဆိုတဲ့ စွဲချက်နဲ့ ဖမ်းဆီး တရားစွဲဆို ခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးကို ဒီကနေ့ (ဇန္နဝါရီလ ၁ဝ ရက်၊ ဗုဒ္ဓဟူးနေ့မှာ) ရုံးထုတ်ဖို့ ရှိနေပါတယ်။

ဒီလို သတင်းထောက်တွေ ဖမ်းဆီး ခံထားရတဲ့ အပေါ် နိုင်ငံတကာရဲ့ စိုးရိမ်သံတွေ ဆက်လက်ထွက်ပေါ် လာနေတာမှာ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်လည်း သတင်းထောက်တွေ လွှတ်ပေးဖို့ တောင်းဆိုသူတွေထဲ ပါဝင်လာပါတယ်။

လွတ်လပ်တဲ့ လူ့အဖွဲ့အစည်း အတွက် သတင်းလွတ်လပ်ခွင့် မရှိမဖြစ် လိုအပ်ပြီး၊ သတင်းထောက်တွေကို ဖမ်းဆီးတာမျိုးဟာ လက်သင့် မခံနိုင်စဖွယ် ဖြစ်တယ် ဆိုပြီး မစ္စတာကလင်တန်က သူ့ရဲ့ တွစ်တာ လူမှုကွန်ရက်ပေါ် ရေးသား ခဲ့ပါတယ်။
မိသားစုဝင်တွေကလည်း တောင်းဆိုနေ
ရိုက်တာရဲ့ ဥက္ကဌလည်းဖြစ် အယ်ဒီတာချုပ်လည်းဖြစ်တဲ့ စတီဖင် ဂျေ အက်ဒ်လာကလည်း ရိုက်တာ သတင်းထောက်တွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ပြီးခဲ့တဲ့ တနင်္လာနေ့ကပဲ ကြေညာချက်ထုတ်ပြီး ထပ်မံ တောင်းဆို ခဲ့ပါတယ်။

သူတို့ရဲ့ သတင်းထောက်နှစ်ယောက်ဟာ ရခိုင်ပြည်နယ်ထဲ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေ အကြောင်း သတင်း စုံစမ်း နေကြသူတွေ ဖြစ်တယ်လို့ ရိုက်တာက ပြောထားပါတယ်။
ကိုကျော်စိုးဦး ပထမအကြိမ် ရုံးထုတ်
ရခိုင်ပြည်နယ် ပဋိပက္ခတွေ အကြောင်း သတင်း စုံစမ်းကြသူတွေ
ရခိုင်ပြည်နယ်ထဲ လုံခြုံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး အရေးကြီး အချက်အလက်တွေ ပါဝင်တဲ့ စာရွက်စာတမ်းတွေကို တရားမဝင် ရယူခဲ့လို့ အဲဒီ သတင်းထောက် နှစ်ယောက်ကို ဖမ်းဆီး စစ်ဆေး နေတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြောဆို ထားပါတယ်။

အခုလို ရိုက်တာ သတင်းထောက် နှစ်ယောက် ဖမ်းဆီး တရားစွဲခံ နေရတဲ့ အပေါ် ကုလသမဂ္ဂ အပါအဝင် အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါ နိုင်ငံတွေက စိုးရိမ်ကြောင်း ပြောဆို ထားကြပါတယ်။

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ