ရေတုံကင်တူးနေစဉ် သံပိုက်လုံးမှ တစ်ဆင့် ဓာတ်လိုက် သေဆုံး


ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ကျွဲပွဲမြို့မှာ ဇန်နဝါရီလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက ရေတုံကင်တူးရာကနေ လုပ်သားနှစ်ဦးဓာတ်လိုက်ခဲ့ပါတယ် ။ လုပ်သားတစ်ဦးကတော့ သေဆုံးခဲ့ပါတယ် ။

 ဖြစ်စဉ်မှာ ကျွဲပွဲ မြို့ အမှတ်(၁)ရပ်ကွက် ပါရမီလမ်းနေ ဦးထိုက်ရဲ့ နေအိမ်ခြံဝန်းအတွင်းမှာ ဇော်မင်းထွန်း (၂၅) နှစ် နဲ့ မောင်ကြီး (၂၃) နှစ် ဇေယျာဝတီမြို့ ဖြူးမြို့နယ် နေသူတို့ အပါအဝင်(၄)ဦးဟာ ရေတုံကင်တူးနေစဉ် ခြံဝန်း အပေါ်က ဖြတ်ပြီး သွယ်တန်းထားတဲ့ 33000KV ဓာတ်အားလိုင်းကြိုး နဲ့ ရေတုံကင်တူးရာမှာ အသုံးပြုတဲ့ နှစ်လက်မသံပိုက်လုံး တို့ ထိမိရာကနေ လျှပ်စစ်ဓာတ်အားကူးကာ ဓာတ်လိုက်ခဲ့တာဖြစ်ပါတယ် ။

 ဇော်မင်းထွန်း(ခ)စိန်လွင် ဟာ ဓာတ်လိုက်ရာကနေ ရရှိတဲ့ ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး မောင်ကြီး ဆိုသူကတော့ ပွန်းပဲ့ဒဏ်ရာရရှိကာ ဆေးကုသမှုခံယူနေရပါတယ် ။ သေဆုံးမှုနဲ့ ပက်သက်ပြီး ကျွဲပွဲနယ်မြေရဲစခန်းက သေမှု သေခင်းအမှတ်စဉ် ၂/၂၀၁၈ နဲ့ အမှုဖွင့်အရေးယူစစ်ဆေးနေပါတယ် ။

သတင်းထောက် ……….. ဖြိုးကိုလင်း(ညောင်ဝိုင်း)
5 PLUS NEWS
https://www.facebook.com/5plusnews
ရေတုံကင်တူးနေစဉ် သံပိုက်လုံးမှ တစ်ဆင့် ဓာတ်လိုက် သေဆုံး ရေတုံကင်တူးနေစဉ် သံပိုက်လုံးမှ တစ်ဆင့် ဓာတ်လိုက် သေဆုံး Reviewed by THITHTOOLWIN on 16:12 Rating: 5
Powered by Blogger.