ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ ကလေး ၅ သောင်းနီးပါး မွေးဖွားမည်


မြန်မာနိုင်ငံက ထွက်ပြေးလာသူ ရိုဟင်ဂျာတွေနေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ အခုနှစ်အတွင်း ကလေး ၄ သောင်း ၈ ထောင်ခန့် မွေးဖွားလိမ့်မယ်လို့ နိုင်ငံတကာ ကူညီရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Save the Children အဖွဲ့က ပြောပါတယ်။

လက်ရှိကိုယ်ဝန်ဆောင်ထားသူ အရေအတွက်ကို မူတည်ပြီး မွေးဖွားလာမယ့် ကလေးအရေအတွက်ကို ခန့်မှန်းတွက်ချက်ထားတာလို့ အဲဒီအဖွဲ့က ပြောပါတယ်။

အဲဒီကလေးငယ်တွေဟာ သန့်ရှင်းမှုမရှိတဲ့ တဲအိမ်တွေမှာ မွေးဖွားရမှာဖြစ်ပြီး၊ ရောဂါဘယဖြစ်ပွားမှု၊ အာဟာရချို့တဲ့မှု၊ ၅ နှစ်အောက် သေဆုံးမှုလို အခြေအနေတွေ မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီဒုက္ခသည်စခန်းတွေမှာ လောလောဆယ်အထိ မိဘမဲ့ကလေးငယ် ၃ သောင်း ၆ ထောင်ကျော် ရှိတယ်လို့လည်း သိရပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံကို ရိုဟင်ဂျာဒုက္ခသည်တစ်သန်းလောက် ပြန်ပို့ဖို့ဆန္ဒရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက မနေ့က ပြောကြားလိုက်ပါတယ်။

Photo: Reuters
RFA Burmese
https://www.facebook.com/rfaburmese
ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ ကလေး ၅ သောင်းနီးပါး မွေးဖွားမည် ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ ကလေး ၅ သောင်းနီးပါး မွေးဖွားမည် Reviewed by THITHTOOLWIN on 20:39 Rating: 5
Powered by Blogger.