ချုံပုတ်အတွင်း၌ သမီးဖြစ်သူအား ဖခင်မှ သားမယားပြုကျင့်ခဲ့


တနင်္သာရီတိုင်းဒေသကြီး၊  လောင်းလုံးမြို့နယ်၊ စမ်းလှန်းကျေးရွာ ပွဲခင်းဘေးရှိ ဦးအောင်မိုး၏ဈေးဆိုင်ဘေး ချုံပုတ်အတွင်း၌ သမီးဖြစ်သူအား ဖခင်မှ သားမယားပြုကျင့်ခဲ့၍ ဇန်နဝါရီလ ၃ ရက်နေ့ မှ သမီးဖြစ်သူက လောင်းလုံးမြို့မရဲစခန်းကို တိုင်တန်းထားကြောင်း ပြည်ထဲရေးဝန်ကြီး ဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ ၀၃၀၀ အချိန် လောင်းလုံးမြို့နယ်၊ စမ်းလှန်းကျေးရွာ ပွဲခင်းဘေးရှိ ဦးအောင်မိုး၏ဈေးဆိုင်ဘေး ချုံပုတ်အတွင်း၌ မ xxxxxx(၁၉)နှစ်အား ဖခင် မင်းဇော်အောင် (၃၇)နှစ်မှ သားမယားပြုကျင့်ခဲ့၍ ဇန်နဝါရီလ ၃ ရက်နေ့ ၁၇၄၀ အချိန် မxxxxxx မှ လောင်းလုံးမြို့မရဲစခန်းသို့ လာရောက် တိုင်တန်းသဖြင့် ၁၈၃၀ အချိန်တွင် မင်းဇော်အောင်(ဖမ်းမိ)အား လောင်းလုံးမြို့မရဲစခန်း(ပ)၁၁/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ (မုဒိမ်းမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

သစ်ထူးလွင်

ချုံပုတ်အတွင်း၌ သမီးဖြစ်သူအား ဖခင်မှ သားမယားပြုကျင့်ခဲ့ ချုံပုတ်အတွင်း၌ သမီးဖြစ်သူအား ဖခင်မှ သားမယားပြုကျင့်ခဲ့ Reviewed by THITHTOOLWIN on 19:30 Rating: 5
Powered by Blogger.