![]() |
လူသတ်မှုဖြင့် ထောင်ဒဏ် ၂၇ ခုနှစ် ချမှတ်ခံရသော အမေရိကန်နိုင်ငံသား John Robert Charlton အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်) |
အမေရိကန်နိုင်ငံ အနောက်ဘက်ကမ်းရိုးတမ်း Seattle မြို့ ပြင်၌ နေထိုင်သော အမျိုးသားတစ်ဦးကို ၂ဝ၁၆ ခုနှစ်အတွင်း ၄င်း၏ ချစ်သူရည်းစား အမျိုးသမီးအား သတ်ဖြတ်မှုဖြင့် ထောင်ဒဏ် ၂၇ နှစ် ချမှတ်လိုက်ကြောင်း ဒေသတွင်းမီဒီယာက ဇန်နဝါရီ ၅ ရက်တွင် ဖော်ပြခဲ့သည်။
ယခုအခါ အသက် ၃၉ နှစ်အရွယ်ရှိ ဂျွန်ရော်ဘတ်ချာလ်တန် (John Robert Charlton) ဆိုသူသည် ၄င်း၏ချစ်သူ Ingrid Lyne အား ၂ဝ၁၆ ခုနှစ် ဧပြီလတွင် Lyne ၏နေအိမ် ရေချိုးခန်း၌ သတ်ဖြတ်မှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားခဲ့သည်။ချာလ်တန်သည် အသက် ၄ဝ နှစ်အရွယ် သူနာပြုဆရာမ နှင့် ကွာရှင်းပြတ်စဲထားသော သမီးသုံးဦးမိခင် Lyne သေဆုံးမှုအတွက် ပြီးခဲ့သော ၂ဝ၁၆ ခုနှစ် အောက်တိုဘာလတွင် ပြစ်မှုထင်ရှားကြောင်း ကနဦးအမိန့် ဒီဂရီ ချမှတ်ခံခဲ့ရသည်။
တရားရုံး၏ မှတ်တမ်းများအရ ချာလ်တန်သည် လူမှုကွန်ရက်မှတဆင့် Lyne နှင့်တွေ့ ဆုံချစ်ကြိုက်ခဲ့ခြင်းဖြစ်ပြီး တစ်လကျော်ကြာ ချိန်းတွေ့ မှုများပြုလုပ်ခဲ့ကြသည်။၎င်းတို့ ရည်းစားစုံတွဲသည် ၂ဝ၁၆ ခုနှစ် ဧပြီ ၂၈ ရက်တွင် အရက်ဘားတစ်ခု၌ ချိန်းတွေ့ ခဲ့ကြပြီး ချာလ်တန်မှာ အမူလွန်ခဲ့ကြောင်း နှင့် ယင်းနောက် Seattle မြို့ မှ ၁၁ မိုင်( ၁၈ ကီလိုမီတာကျော်) ကွာဝေးသော Renton စီးတီးရှိ Lyne ၏ နေအိမ်သို့ အတူတကွပြန်ခဲ့ကြကြောင်း သိရသည်။
Lyne ၏ ခင်ပွန်းဟောင်းဖြစ်သူက အခင်းဖြစ်ပြီး တစ်ရက်အကြာတွင် ၄င်း၏ သမီးများနှင့်တွေ့ ဆုံရန် သွားရောက်စဉ် Lyne ပျောက်ဆုံးနေသည်ကို သတိပြုမိခဲ့ခြင်းဖြစ်သည်။ ယင်းနောက် မိသားစုဝင်များသည် Lyne ပျောက်ဆုံးနေမှုကို ရဲတပ်ဖွဲ့ တို့ အကြောင်းကြားခဲ့ပြီး နောက်ရက်အနည်းငယ်အကြာခန့် တွင် ၄င်း၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို အနီးပတ်ဝန်းကျင်နေရာများ၌ အသီးသီးရှာဖွေတွေ့ ရှိခဲ့ခြင်းဖြစ်သည်။ချာလ်တန်အား ၂ဝ၁၆ ခုနှစ် ဧပြီလ ၁၁ ရက်တွင် ရဲတပ်ဖွဲ့ က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(Xinhua)
http://xinhuamyanmar.com
ချစ်သူရည်းစားကို သတ်မှုဖြင့် အမေရိကန်နိုင်ငံသားတစ်ဦးကို ထောင်ဒဏ် ၂၇ နှစ်ချမှတ်
Reviewed by THITHTOOLWIN
on
11:19
Rating:
