မိတ္ထီလာမြောက်ကန် ရေထိန်းတံတားအနီး ရေနစ်သေဆုံးနေသူ တစ်ဦးတွေ့ရှိ


မိတ္ထီလာ ဇန်နဝါရီ ၎

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် ရေနစ်သေဆုံးနေ သော အမျိုးသားအလောင်းတစ် လောင်း တွေ့ရှိခဲ့ကြောင်း မှုခင်း မှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီလ ၄ ရက်နေ့ ယမန်နေ့မွန်းလွဲ ၁၂ နာရီ ၅ မိနစ်တွင် ရဲစခန်း၌ ဒုရဲ အုပ်ချစ်ဇော်ဝင်း တာဝန်မှူးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ဈေး အရှေ့ပြင်အရပ် ဓမ္မသုခရွှေစည်းခုံ အနောက်ဘက် မိတ္ထီလာမြောက် ကန် ရေထိန်းတံတားအနီး အမျိုး သားတစ်ဦး ရေနစ်သေဆုံးနေ ကြောင်းသတင်းအရ သက်သေ များနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးရာ မိတ္ထီလာမြို့ဝန်ဇင်း ရပ်ကွက်နေ ဦးတင်ရွှေဆိုသူဖြစ် ကြောင်းသိရပြီး မိတ္ထီလာမြောက် ကန်ရှိ ရေထိန်းတံတားအနီးတွင် ကန်စွန်းရွက်ခူးရာမှ ကန်အကျယ် ပေ ၈ဝဝ ရေအနက် ၁၂ ပေခန့်တွင် ရေနစ်သေဆုံးကြောင်း ပြင်ပဒဏ် ရာတစ်စုံတစ်ရာမတွေ့ရှိကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

အမှုအား မိတ္ထီလာနယ်မြေရဲ စခန်း(၂)မှ ဓမ္မတာအတိုင်းသေဆုံး ခြင်းဟုတ်မဟုတ် စစ်ဆေးလျက် ရှိပြီး သေမှုသေခင်းအမှတ်စဉ် (၁/၂ဝ၁၈)ဖြင့် အမှုဖွင့်ဆောင်ရွက် လျက်ရှိကြောင်း စုံစမ်းသိရသည်။

ဘိုဘို(မလှိုင်)
The Union Daily
https://www.facebook.com/uniondaily.net
မိတ္ထီလာမြောက်ကန် ရေထိန်းတံတားအနီး ရေနစ်သေဆုံးနေသူ တစ်ဦးတွေ့ရှိ  မိတ္ထီလာမြောက်ကန် ရေထိန်းတံတားအနီး ရေနစ်သေဆုံးနေသူ တစ်ဦးတွေ့ရှိ Reviewed by THITHTOOLWIN on 19:05 Rating: 5
Powered by Blogger.