![]() |
ဝါရင့် ရိုက်တာ သတင်းထောက် ပြန်ကြားရေး ဒုဝန်ကြီး ဖြစ်လာ |
ဒါ့ကြောင့် သတင်းသမားတွေ အနေနဲ့ မှန်ကန် တိကျတဲ့ သတင်း အချက်အလက်တွေကို ရယူသွားနိုင်ဖို့ ပထမ ဦးစားပေး လုပ်ဆောင်မယ်လို့ ဦးအောင်လှထွန်းက ဆိုပါတယ်။
ဦးအောင်လှထွန်းဟာ ပြန်ကြားရေး ဝန်ကြီး ဌာနမှာ တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး၊ ရိုက်တာ သတင်းဌာနရဲ့ မြန်မာနိုင်ငံ ဌာနေ သတင်းထောက် အဖြစ် နှစ်ကာလ အတန်ကြာ လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအကြောင်း မမှန်မကန် ဖော်ပြနေတဲ့ ပြည်တွင်း ပြည်ပ မီဒီယာတွေကို စောင့်ကြည့် ကန့်ကွက်မယ် ဆိုပြီး သတင်းမီဒီယာကောင်စီ ဒုဥက္က တာဝန်ကို ယူခဲ့စဉ် ပြီးခဲ့တဲ့ လတွေတုန်းက ဦးအောင်လှထွန်း ပြောဆို ထားပါတယ်။
ရိုက်တာ သတင်းထောက်နှစ်ယောက်ကို မြန်မာ အစိုးရက အစိုးရ လျှို့ဝှက်ချက် ဥပဒေနဲ့ ဖမ်းဆီး တရားစွဲဆို ထားတဲ့ အချိန်မှာ ဝါရင့် ရိုက်တာ သတင်းထောက် တစ်ဦး အခုလို အစိုးရ ပြန်ကြားရေး ဒုဝန်ကြီး တာဝန် ခန့်အပ် ခံလာရတာ ဖြစ်ပါတယ်။
သတင်းမီဒီယာကောင်စီ အနေနဲ့ကတော့ အစိုးရပိုင် မီဒီယာတွေကို အများပြည်သူ ဝန်ဆောင်မှု မီဒီယာ အဖြစ် အသွင်ပြောင်းဖို့ တိုက်တွန်း ပြောဆိုနေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
မြန်မာသတင်းမှန်တွေကို နိုင်ငံတကာ သိရှိဖို့ အရေးကြီး
Reviewed by THITHTOOLWIN
on
07:00
Rating:
