အုပ်စုဖွဲ့ တိုက်ခိုက်မှုကြောင့် ဒေသခံ ရွာသားတစ်ဦး ဒဏ်ရာရရှိပြီး မောင်တောဆေးရုံတင်ပို့ရ

(ဒဏ်ရာရသွားသူ ဦးထွန်းထွန်းဝင်းကို တွေ့ရစဉ်)
နိရဉ္စရာ၊ ဇန်န၀ါရီ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း အောင်သပြေ ရခိုင် ကျေးရွာမှ ရွာသား ၅ ဦး ငါးရှာရန် သွားရောက်ကြစဉ် အမည်မသိ ဘင်္ဂလီများက အုပ်စုဖွဲ့ ၀ိုင်းဝန်း ရန်ရှာ တိုက်ခိုက်ကြသဖြင့် တစ်ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

“ သူတို့က ငါးရှာ၊ ဖားရှာသွားကြတာပါ။ နှစ်ဦးက ဆိုင်ကယ်နဲ့ လမ်းပေါ်မှာ ကျန်နေခဲ့ပြီး ကျန်သုံးဦးက ငါးရှာ၊ ဖားရှာနေစဉ် တုတ်တွေနဲ့ ဓါးတွေနဲ့ ၀ိုင်းဝန်းတိုက်ခိုက်ကြတာပါ။ ကိုထွန်းထွန်းဝင်းမှာ ဒဏ်ရာရရှိတဲ့ အတွက် မောင်တောဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်” ဟု အောင်သပြေကျေးရွာမှ ရွာသား တစ်ဦးက ပြောကြားသည်။

ဒဏ်ရာရသွားသူမှာ ဦးထွန်းထွန်းဝင်း (ဘ)ဦးစံထွန်း(၃၇)နှစ်၊ အောင်သပြေကျေးရွာမှ ဖြစ်ကြောင်း သိရသည်။

ဦးထွန်းထွန်းဝင်း အပါအ၀င် ရွာသား ၅ ဦးသည် ဇန်န၀ါရီ ၁၇ ရက် မွန်းလွဲ ၂နာရီကျော်ကျော်တွင် လှိုင်သီကျေးရွာအနီး တုံးချောင်း၌ ငါးရှာနေစဉ် တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း နယ်မြေခံ ရဲကလည်း အတည်ပြု ပြောကြားသည်။

ဦးထွန်းထွန်းဝင်းတွင် အပြန်အလှန် တိုက်ခိုက်စဉ် အတွင်း ခေါင်းဒဏ်ရာ ၊ ကျောကုန်း ထိုးသွင်းဒဏ်ရာ၊ ဘယ်ဖက်လက် ပြတ်ရှမှု ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

၎င်းကျေးရွာသားများကို ၀ိုင်းဝန်းတိုက်ခိုက်ကြသူများမှာ တစ်ဘက်နိုင်ငံ ဘင်္ဂလာဒေ့ရှ်မှ ၀င်ရောက်လာကြသူများ ဖြစ်နိုင်ကြောင်း၊ နယ်မြေခံ ရဲတပ်ဖွဲ့မှ တိုက်ခိုက်သူ ဘင်္ဂလီများကို လိုက်လံ ရှာဖွေနေကြောင်း ဒေသခံ ဦးအောင်ကျော်ဝင်းက ပြောကြားသည်။

Narinjara
https://www.facebook.com/Narinjara
အုပ်စုဖွဲ့ တိုက်ခိုက်မှုကြောင့် ဒေသခံ ရွာသားတစ်ဦး ဒဏ်ရာရရှိပြီး မောင်တောဆေးရုံတင်ပို့ရ အုပ်စုဖွဲ့ တိုက်ခိုက်မှုကြောင့် ဒေသခံ ရွာသားတစ်ဦး ဒဏ်ရာရရှိပြီး မောင်တောဆေးရုံတင်ပို့ရ Reviewed by THITHTOOLWIN on 08:01 Rating: 5
Powered by Blogger.