![]() |
အိမ်ဖြူတော်အစိုးရ အကြောင်း စာအုပ်ထဲမှာ မဟုတ်မမှန်တဲ့ ဖေါ်ပြချက်တွေ ပါတယ်လို့ သမ္မတ ထရမ့်ရဲ့ ရှေ့နေက ပြော |
စာရေးဆရာ Michael Wolff ရေးသားတဲ့ အဲဒီ Fire and Fury စာအုပ်ကို ၄၇က်စောပြီး သောကြာနေ့မှာ ထုတ်ဝေဖြန့်ချိမှာ ဖြစ်ပါတယ်။
ကဲ ကျနော်တို့ စာအုပ်တော့ ထွက်လာတော့မယ်နော်။ ဝယ်နိုင်ကြပါပြီ။ ကျေးဇူးပါ သမ္မတကြီး ဆိုပြီး စာရေးဆရာက သူ့ရဲ့ တွစ်တာ လူမှုကွန်ရက် စာမျက်နှာမှာ အတည်ပြု ရေးသားထားပါတယ်။
သမ္မတ ထရမ့်ရဲ့ ရှေ့နေတွေကတော့ အဲဒီစာအုပ်ထဲမှာ မဟုတ်မမှန် ရေးသား ဖေါ်ပြချက်တွေ အများအပြား ပါနေတယ် ဆိုပြီး အဲဒါတွေကို စိစစ် သုံးသပ်သွားမယ်လို့ ပြောပါတယ်။
အဲဒီ စာအုပ်ထဲမှာ သမ္မတ ထရမ့်ရဲ့ သားနဲ့ ရုရှား ရှေ့နေ တဦးရဲ့ တွေ့ဆုံမှုဟာ နိုင်ငံတော် သစ္စာ ဖောက်ရာ ကျပြီး မျိုးချစ်စိတ် ကင်းမဲ့တယ် ဆိုပြီး သမ္မတ ထရမ့်ရဲ့ နည်းဗျူဟာပိုင်းဆိုင်ရာ အကြီးအကဲဟောင်း Steve Bannon က စွပ်စွဲ ပြောဆိုထားတာတွေ ပါဝင်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
ထရမ့် အစိုးရအကြောင်း အချေအတင် အငြင်းပွားစရာ စာအုပ် ဒီကနေ့ ထွက်မယ်
Reviewed by THITHTOOLWIN
on
11:21
Rating:
