![]() |
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်အ ဖြစ်တာဝန်ပေးအပ်ခြင်းခံရသည့် ဦးလှမိုးအောင် နှင့် ကျံပျော်မြို့ အမှတ်(၂) မဲဆန္ဒနယ်မြေ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မန်းဂျော်နီ။ ဓါတ်ပုံ မန်းဂျော်နီ |
ဦးလှမိုးအောင်ဟာ လက်ရှိမှာ တိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သယံဇာတရေးရာကော်မတီ အတွင်းရေးမှူး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးကော်မတီ အဖွဲ့ဝင် အဖြစ် တာဝန်ယူဆောင်ရွက်နေ တာဖြစ်ပါတယ်။ ဦးလှမိုးအောင်ဟာ (၂၀၁၅)ရွေးကောက်ပွဲမှာ မြန်အောင်မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၁) အဖြစ် ရွေးကောက်တင်မြောက်ခံထားရသူဖြစ်ပါတယ်။
မြန်အောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် (၂၀၁၃)ခုနှစ်ကတည်းက တာဝန်ယူထားပါတယ်။(၁၉၉၀)ပြည့်နှစ် ရွေးကောက်ပွဲမှာ အောင်နိုင်ရေး လူငယ်တာဝန်ခံအဖြစ် ၊ (၂၀၁၂)ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ အုပ်စုအောင်နိုင်ရေးဥက္ကဋ္ဌ၊ (၂၀၁၄)ခုနှစ်မှာ မြို့နယ် တောင်သူလယ်သမားရေးရာ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့ပါတယ်။ ဦးလှမိုးအောင်ဟာ လက်ရှိမှာ အသက်(၅၃)နှစ် ရှိပြီဖြစ်ပြီး ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ကနေ ဘွဲ့ရရှိထားသူဖြစ်ပါတယ်။
5 PLUS NEWS
https://www.facebook.com/5plusnews/
ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် ဦးလှမိုးအောင်ကို လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြု
Reviewed by THITHTOOLWIN
on
11:49
Rating:
