ငမိုးရိပ်ချောင်းအတွင်း နစ်မြုပ်ခဲ့သည့်ကားအတွင်း ပျောက်ဆုံးသွားသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိ


၂၀၁၈ ဇန်န၀ါရီ (၉)ရက်

ယနေ့ နေ့လည်(၁၁း၃၀)အချိန်ခန့်တွင် ငမိုးရိပ်ချောင်းအတွင်း Honda Fit အမျိုးအစား ခဲရောင်ယာဉ်တစ်စီးပြုတ်ကျ၍ နစ်မြုပ်သွားခဲ့ရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက်( ၂၅)အရွယ်ခန့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအား မြောက်ဥက္ကလာနှင့် မြောက်ဒဂုံမြို့နယ်သို့သွားရောက်နိုင်သည့် ငမိုးရိပ်တံတားအနီးတွင် ရှာဖွေတွေ့ရှိခဲ့သည်။

ထိုရုပ်အလောင်းအား နာရေးကူညီမှုအသင်း(ရန်ကုန်) K-Ambulance အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ သွားရောက်ဆယ်ယူ၍ နိဗ္ဗာန်ယာဉ်ဖြင့် မြောက်က္ကလာပဆေးရုံ အအေးခန်းသို့ ပို့ဆောင်ကူညီပေးခဲ့ကြသည်။

(၇.၁.၂၀၁၈)ရက်နေ့ နံနက် (၃း၃၀)အချိန်ခန့်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၃၃)ရပ်ကွက် ဆရာစံလမ်းနှင့် ငါးမာန်အောင်ဘုရားလမ်းဆုံရာရှိ ငမိုးရိပ်ချောင်းအတွင်း ယာဉ်မောင်းအမျိုးသား(၁)ဦးနှင့် ယာဉ်ပေါ်ပါလိုက်ပါစီးနင်းသူ အမျိုးသား (၁)ဦးပါသော Honda Fit အမျိုးအစား ခဲရောင်ယာဉ်တစ်စီး ပြုတ်ကျသွားခဲ့ရာမှ ယာဉ်ပေါ်ပါအမျိုးသား(၁)ဦးအား ချောင်းအတွင်း ငါးလုပ်ငန်းလုပ်ကိုင်နေသော ငါးဖမ်းလှေမှ ကယ်ဆယ်ခဲ့ပါသည်။

မိဘပြည်သူများ အနေဖြင့် မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ် ဆက်သွယ်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) #သီးသန့်မီးသတ်တပ်ဖွဲ့ ဖုန်း- 191, 01 706421 သို့ (၂၄)နာရီပါတ်လုံး ဆက်သွယ်အကူညီ တောင်းခံနိုင်ပါသည်။

သတင်း/ဓါတ်ပုံ - ပြန်ကြားရေးဌာန (FFSS)
နာရေးကူညီမှုအသင်း-ရန်ကုန်
ငမိုးရိပ်ချောင်းအတွင်း နစ်မြုပ်ခဲ့သည့်ကားအတွင်း ပျောက်ဆုံးသွားသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိ ငမိုးရိပ်ချောင်းအတွင်း နစ်မြုပ်ခဲ့သည့်ကားအတွင်း ပျောက်ဆုံးသွားသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိ Reviewed by THITHTOOLWIN on 17:15 Rating: 5
Powered by Blogger.