သင်္ဃန်းကျွန်း မီးလောင်မှု အိမ်ခန်း (၂၄) ခန်း မီးလောင်ကျွမ်း ဆုံးရှုံး

သင်္ဃန်းကျွန်းမြို့နယ် (ခ) ရပ်ကွက် ယုဝလမ်းတွင် မီးလောင်မှုဖြစ်ပွား
ရန်ကုန် ဇန်န၀ါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် (ခ)ရပ်ကွက် ယုဝလမ်း အမှတ်(၁၈) အခန်းအမှတ် (၂-အေ)တွင် ဇန်န၀ါရီလ ၁၉ ရက်နေ့ ယနေ့ နေ့လည် (၂း၅၀) အချိန်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

အဆိုပါမီးလောင် ရာသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးနေဘုန်းလတ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် အမှတ်(၂)မှ ဦးမောင်မောင်ဦး (ခ)ဦးထိပ်တင်ဦး မီးသတ် တပ်ဖွဲ့ဌာနချုပ်မှ ညွှန်ကြားရေးမှူး ဦးကျော်သူရ၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးညွှန်ကြားရေးမှူး ဦးမျိုးဝင်း၊အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးဦးဇော်လွင်ဦး၊မြို့နယ် အုပ်ချုပ်ရေးမှူး၊မြို့နယ်မီးသတ်ဦးစီးမှူး၊မြို့နယ်ရဲတပ်ဖွဲ့မှူး တို့ ရောက် ရှိကာ မီးသတ်ယာဉ်(၄၉)စီး အထောက်အကူပြုယာဉ်(၁၂)စီး၊ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင် (၄၀၈)ဦး၊ နှင့်သူနာပြုယာဉ်(၂)စီးတို့အားကွပ်ကဲ မီးငြိမ်းသတ်ခဲ့ရာ (၃း၂၀) အချိန် တွင် မီးငြိမ်းသွားခဲ့ကြောင်းနှင့် level 3 အဆင့်(၃)သတ်မှတ်ထားကြောင်း သိရသည်။


 မီးလောင်မှုကြောင့် လူနှင့် တိရိစ္ဆာန် သေဆုံးမှု ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း၊ မီးလောင်ကျွမ်းသည့် အဆောက်အဦမှာ (၉) ခန်းတွဲ အုတ်ညှပ် ပျဉ်ခင်း၊သွပ်မိုး နှစ်ထပ် (၁၂×၄၀)ပေ အဆောက်အဦ နှင့် (၃)ခန်းတွဲ အုတ်ညှပ် ပျဉ်ခင်း၊သွပ်မိုး နှစ်ထပ် (၁၂×၄၀)ပေ အဆောက်အဦ နှစ်လုံး ဖြစ်ပြီး အခန်းစုစုပေါင်း (၂၄) ခန်းမီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ (၁၆၈)သိန်းခန့်ဆုံးရှုံးခဲ့ပြီး မီးလောင်ရသည့် အကြောင်းအရင်းအား စုံစမ်းစစ်ဆေး အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ရဲမင်းထွန်း(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
သင်္ဃန်းကျွန်း မီးလောင်မှု အိမ်ခန်း (၂၄) ခန်း မီးလောင်ကျွမ်း ဆုံးရှုံး သင်္ဃန်းကျွန်း မီးလောင်မှု အိမ်ခန်း (၂၄) ခန်း မီးလောင်ကျွမ်း ဆုံးရှုံး Reviewed by THITHTOOLWIN on 21:34 Rating: 5
Powered by Blogger.