ကာမိုင်း - ဇန်နဝါရီ ၁၄
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ကာမိုင်းမြို့ ကပ်မှော်ဇွပ်ကျေးရွာအုပ်စု နန့်တိမ်းအခြေပြု နယ်မြေခံတပ်စခန်းတွင် ဇန်နဝါရီ ၁၃ရက် ညနေ ၄နာရီခွဲက တရားမဝင်သယ်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံးများ သိမ်းဆည်းရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကာမိုင်းမြို့ ကပ်မှော်ဇွပ်ကျေးရွာအုပ်စု နန့်တိမ်းအခြေပြု နယ်မြေခံတပ်စခန်း စစ်ဆေးရေးဂိတ်တွင် ဖားကန့်ဘက်မှ မြစ်ကြီးနားဘက်သို့ မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်နေ ခင်မောင်သန်း(၅၂)နှစ် မောင်းနှင်လာသည့် ယာဉ်အမှတ် 9A/----VAN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းအံဝှက်အတွင်းမှ ကျောက်စိမ်းအရိုင်းတုံး အရွယ်စုံ ၈၀ အလေးချိန် ၁၂၀ ကီလိုဂရမ်အား သိမ်းဆည်းရမိကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ခင်မောင်သန်းအား ကာမိုင်းနယ်မြေရဲစခန်းတွင် ကျောက်မျက်ဥပဒေဖြင့် အရေးယူထားကြောင်း သိရသည်။
ဝင်းနိုင် (ကချင်မြေ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
တရားမဝင်သယ်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံးများ သိမ်းဆည်းရမိ
Reviewed by THITHTOOLWIN
on
19:19
Rating:
