အရေပြားဆေးနှင့် တွဲဖက်ရောင်းချသည့် အလှကုန်ပစ္စည်းအပါအ၀င် သုံးစွဲရန်မသင့်သည့် အလှကုန်များ သိမ်းဆည်းရမိ


ဇန်နဝါရီ ၁၆၊

အရေပြားဆေးနှင့် တွဲဖက်ရောင်းချသည့် အလှကုန်ပစ္စည်းများအပါအ၀င် သုံးစွဲရန်မသင့်သည့် အလှကုန်များအား နေပြည်တော်ရှိ ဈေးကြီးများ၌ ရောင်းချနေမှုကြောင့် သိမ်းဆည်းရမိခဲ့ကြောင်း အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေး ဦးစီးဌာန FDA မှ သိရှိရသည်။

“ဒီ Clobetamil- G ကိုကြည့်လိုက်တော့ မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်အမှတ်လဲ မပါပါဘူး၊ဒါ ဘော်ဒါလိုင်း ကနေ၀င်ထားတာပါ၊သူသည် ဆေးဝါအနေနဲ့ပဲရောင်းချပိုင်ခွင့်ရှိပါတယ်၊ ဒါကို ဘယ်လိုတွဲထားသလဲဆိုတော့ အိတ်တစ်အိတ်ထဲမှာ အလှကုန်ပစ္စည်းနဲ့ တွဲထားပါတယ်၊ ဆပ်ပြာခဲလဲ တစ်ခဲပါတာပေါ့။ ဒီအလှကုန်ပစ္စည်းတွေ ထဲမှာလဲ မာကျူရီတွေပါနေပါတယ်၊ ဒါသည်ဆေးဝါးဖြစ်နေပါတယ်၊ အလှကုန်ပစ္စည်းအနေနဲ့ မသုံးစွဲ ပိုင်ခွင့်မရှိဘူး၊ဆေးဝါးအနေနဲ့ သုံးစွဲမယ်ဆိုရင်တောင်မှ နှစ်ပတ်ထက် ပိုမလိမ်းရဘူး၊ သူ့မှာဆိုးကျိုးတွေအများကြီးရှိလို့ ဒါကို ဒီအလှကုန်နဲ့ ရောစပ်ပြီးတော့ သုံးနေတာတွေ့လို့ သိမ်းဆည်းခဲ့တာပါ။ သိမ်းဆည်းရမိထဲ အထဲမှာလဲ အများဆုံးဖြစ်တယ်”ဟု FDA မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းလင်းအောင်က ပြောသည်။

နေပြည်တော်ရှိ မြို့မဈေးတွင် ၄ ဆိုင်၊ သပြေကုန်းဈေးတွင် ၂ ဆိုင်၊ ပျဉ်းမနားမြို့တွင် ၂ ဆိုင်နှင့် အင်ကြင်းဈေး တွင် ၁ ဆိုင်တို့သည် သုံးစွဲရန် မသင့်သည့် အလှကုန်ပစ္စည်းများ ရောင်းချနေခြင်းကြောင်း သိမ်းဆည်းမှုများ ပြုလုပ်ခဲ့ပြီး တန်ဖိုးငွေကျပ် သိန်း ၃၀ ကျော်တန်ဖိုးရှိကြောင်း FDA ကပြောသည်။

“လက်လီရောင်းတဲ့ ဆိုင်လေးတွေကို တွေ့တယ် ဘယ်က၀ယ်ရောင်းတာလဲ မေးတော့ ပျဉ်းမနားကလို့ ပြောတယ် ပျဉ်းမနားကလို့ ပြောတော့ သွားစစ်ဆေးတော့ မိတယ် သိမ်းဆည်းခဲ့တယ်။ ဆိုင်တစ်ဆိုင်က ၁၈ သိန်းလောက်ရှိတယ်လို့ ပြောတော့ ဒီဆိုင်တွေ အားလုံးက ပစ္စည်းတွေ ပေါင်းလိုက်ရင် သိန်း ၃၀ နဲ့ အထက်မှာ ရှိတယ် (သိမ်းဆည်းခဲ့သည့် ပစ္စည်းတန်ဖိုး)”ဟု ဒေါက်တာထွန်းလင်းအောင်က ပြောသည်။


သုံးစွဲရန် မသင့်သည့် အလှကုန်ပစ္စည်းများ ရောင်းချသည့် ဆိုင်များ ခံဝန်ကတိလက်မှတ်ထိုးခိုင်းခဲ့ပြီး သိမ်းဆည်းရမိသည့် ကုန်ပစ္စည်း ၂၃ မျိုးထဲ၌ ၂၁ မျိုးသည် အလှကုန်ပစ္စည်းများဖြစ်ပြီး ၂ မျိုးသည် အရေပြား လိမ်းဆေးဖြစ်ကြောင်း FDA ထံမှ သိရှိရသည်။

ထိုကဲ့သို့ သုံးစွဲရန်မသင့်သည့် ကုန်ပစ္စည်းများသည် နယ်စပ်ဂိတ်ပေါက်ဝမှ တရားမ၀င် ၀င်ရောက်နေခြင်း ကြောင့် ဈေးကွက်အတွင်းပျံ့နှံနေခြင်းဖြစ်ပြီး ယခုသိမ်းဆီးရမိသည့် အလှကုန်ပစ္စည်းများတွင် တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ အများဆုံးဝင်ရောက်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ-ကြယ်စင်ခ
ကြယ်စင်ခ (နေပြည်တော်)
Central News Myanmar
https://www.facebook.com/CNMyanmar/
အရေပြားဆေးနှင့် တွဲဖက်ရောင်းချသည့် အလှကုန်ပစ္စည်းအပါအ၀င် သုံးစွဲရန်မသင့်သည့် အလှကုန်များ သိမ်းဆည်းရမိ အရေပြားဆေးနှင့် တွဲဖက်ရောင်းချသည့် အလှကုန်ပစ္စည်းအပါအ၀င် သုံးစွဲရန်မသင့်သည့် အလှကုန်များ သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 22:30 Rating: 5
Powered by Blogger.