![]() |
လူစီးကြောင်း ဆက်ရှိခဲ့ |
ရိုဟင်ဂျာ မိသားစု ခုနှစ်ရာ့ရှစ်ဆယ်ကျော် ကော့ဆက်ဘဇားနယ်ထဲ ဝင်ရောက် ခဲ့တာ ဖြစ်ပါတယ်။
ဒုက္ခသည် ပြန်လည် လက်ခံရေးနဲ့ ပတ်သက်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား သဘောတူ လက်မှတ် ရေးထိုးပြီး နောက်ပိုင်းမှာကို အဲဒီလို လူစီးကြောင်း ဆက်ရှိ နေတာ ဖြစ်တယ်လို့ တက်နက်ဖ် ခရိုင် အရာရှိတွေကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ် နာမည်ကြီး သတင်းစာ ပရိုသွမ် အာလိုက ရေးပါတယ်။
ဒီအချိန်မှာပဲ၊ ကုလသမဂ္ဂရဲ့ ဂြိုဟ်တု ဓာတ်ပုံ စီမံကိန်းက ရရှိတဲ့ အချက်အလက်တွေ အရ ဆိုရင် ဩဂုတ်လ နှောင်းပိုင်းကနေ နိုဝင်ဘာလ နှောင်းပိုင်းအထိ ရိုဟင်ဂျာရွာတွေ ရာနဲ့ချီပြီး မီးလောင် ခံခဲ့ရတာကို ပြသနေတယ်လို့ ရိုက်တာ သတင်းဌာနက ပြောပါတယ်။
မီးလောင်ခံရတဲ့ နေရာတွေဟာ ရခိုင်ပြည်နယ် မြောက်ပိုင်း တောင်ကုန်းဒေသတွေက တောက်ဘက် စစ်တွေ အနီးက ကမ်းခြေဒသတွေ အထိ ၆၈ မိုင် အတိုင်းအတာအထိ တောက်လျှောက် ရှိနေတယ်လို့လည်း ဆိုပါတယ်။
![]() |
ရွာတွေ ရာနဲ့ချီပြီး မီးလောင် ခံခဲ့ရ |
မီးလောင်မှုတွေဟာ အာဆာ လက်နက်ကိုင်တွေက ဖြစ်စေ၊ ရိုဟင်ဂျာ ရွာသားတွေကိုယ်တိုင် ဖြစ်စေ ကျူးလွန်တာ ဖြစ်ပြီး၊ အတင်းအဓမ္မ မောင်းမထုတ်ရပါပဲ တစ်ဘက်နိုင်ငံကို ဦးတည် ထွက်ခွာနေကြတာ ဖြစ်တယ်လို့ မြန်မာ အာဏာပိုင်တွေ ဘက်က ဆိုထားပါတယ်။
BBC Burmese
http://www.bbc.com/burmese
ဒီဇင်ဘာလအထိ ဒုက္ခသည် လူစီးကြောင်း ဆက်ရှိနေခဲ့
Reviewed by THITHTOOLWIN
on
10:45
Rating:
