ကာကွယ်ရေးဦးစီးချုပ်(လေ) ပြောင်းလဲခန့်အပ်

လေကြောင်းလူငယ်သင်တန်းဆင်းပွဲသို့ တက်ရောက်မိန့်ခွန်းပြောကြားသော စစ်ဦးစီးအရာရှိချုပ်(လေ) ဗိုလ်ချုပ် မောင်မောင်ကျော်အား တွေ့ရစဉ် ။ ။ (ဓာတ်ပုံ- ကာကွယ်ရေးဦးစီးချုပ်(လေ))
နေပြည်တော်၊ ဇန်န၀ါရီ ၂

သက်ပြည့်အငြိမ်းစားယူသွားသည့် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၏ နေရာတွင် လေ-၁၉၂၅ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်အား ကာကွယ်ရေးဦးစီးချုပ်(လေ)အဖြစ် ယနေ့တွင် ခန့်အပ်တာဝန်ပေးအပ်သည်။

ယနေ့နံနက်ပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် တို့သည် နိုင်ငံတော်သမ္မတရုံးသို့ သွားရောက်၍ နိုင်ငံတော်သမ္မတ ဦးထင်ကျော်အား ဂါရ၀ပြုတွေ့ဆုံခဲ့သည်။

အလားတူပင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ၀င်းဗိုလ်ရှိန်အား တပ်မတော်စစ်ဆေးရေးအရာရှိချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်မှူးချုပ် ကျော်စွာလင်းအား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ