သထုံမြို့တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

လုံခြုံရေးဝန်ထမ်း(၁) မျိုးဟိန်းသူ အသက် ၂၅ နှစ် ။ ။ ဓါတ်ပုံ - Aung Ko Ko Lwin
မော်လမြိုင် ဇန်နဝါရီ ၁၄

မွန်ပြည်နယ် သထုံမြို့ သိမ် ကုန်းရပ်ကွက် မင်းလမ်းမီးပွိုင့် ထောင့်ရှိ ကမ္ဘောဇဘဏ်(၁)တွင် ဇန်န၀ါရီ ၁၃ ရက်နေ့ ည ၇နာရီခွဲက လူတစ်ဦး ကြိုးဆွဲချ သေဆုံးနေကြောင်း သတင်းအရ သထုံမြို့မရဲစခန်းမှူး ဒုရဲမှူး မောင်မောင်နှင့် တပ်ဖွဲ့ဝင် များသိမ်ကုန်းရပ်ကွက်အုပ်ချုပ်ရေး မှူး ဦးမျိုးမင်းသိန်းနှင့်သက်သေ များက သွားရောက် စစ်ဆေးခဲ့ပါသည်။


သေဆုံးသူသည် သထုံမြို့ သိမ်ကုန်းရပ်ကွက် မော် ကျော့လမ်း အမှတ်(၁ဝ၃/က)နေ မျိုးဟိန်းသူ၂၅နှစ် လုံခြုံရေးအဆင့် (၁)ဝန်ထမ်းဖြစ်ပြီး ဘဏ်အတွင်း ဝန်ထမ်းများ ထမင်းစားခန်းအတွင်း မြောက်ဘက် ပြတင်းပေါက်အမြင့် ရှစ်ပေခန့်ရှိ အလူမီနီယမ်ဘားတန်း တွင် အပြာရောင်နှင့် အဖြူရောင် လေးထောင့်ကွက်စိတ်ပါသည့် နှစ် ပေပတ်လည် လက်သုတ်ပဝါဖြင့် ချည် နှောင်ပြီး လည်ပင်းတွင် ကြိုး နစ်ဝင်လျက် ပါးစပ်မှသွားရည်များ ထွက်ကျကာ သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် အလောင်းအား သထုံခရိုင် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့ကြောင်း သိရသည်။

 ဖြစ်စဉ်နှင့်ပတ် သက်၍သထုံမြို့မရဲစခန်းမှမျိုးဟိန်း သူသေဆုံးမှုအပေါ် သေမှုသေခင်း အမှတ်စဉ် ၁/၂ဝ၁၈ ရေးဖွင့်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/ မဟုတ် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

နိုင်နိုင်(မွန်)
The Union Daily
https://www.facebook.com/uniondaily.net/
သထုံမြို့တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး သထုံမြို့တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး Reviewed by THITHTOOLWIN on 21:14 Rating: 5
Powered by Blogger.