နှစ်သက်တမ်း ၁ဝဝ ကျော် သက်တမ်းရှိ ကညင်ပင်ကြီး ခုတ်လှဲသူများကို ဖေါ်ထုတ်အရေးယူ

ရေတာရှည် ဇန်နဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ မြို့လှသစ်တောကြိုးဝိုင်း၊ အကွက်အမှတ်(၁၄)အတွင်း မှ နှစ်သက်တမ်း(၁ဝဝ)ကျော်ပြီဖြစ်သည့် ကညင်ပင်ကြီးအား တရားမဝင်ခုတ်လှဲသူများကို ဇန်နဝါရီ ၂၃ ရက်နေ့က ဖေါ်ထုတ်ဖမ်းဆီးရမိပြီဖြစ်ကြောင်းသိရသည်။

 ရေတာရှည်မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ် ဦးစီးအရာရှိ ဦးကျော်ဆန်းမိုး နှင့် သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးအဖွဲ့ဝင်များပါဝင်သောအဖွဲ့ သည် ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာ(၁၉)ရက်နေ့ မွန်းလွဲပိုင်းအချိန် မြို့လှသစ်တောကြိုးဝိုင်း၊ အကွက်အမှတ် (၁၄)အတွင်းသို့ ရောက်ရှိစဉ် နှစ်သက်တမ်း(၁ဝဝ)ကျော်ရှိ ကညင်ပင်ကြီး(၃၅.၆၆ဝ၂)တန်အား ကန် တော့ပွဲများထိုးကာခုတ်လှဲထားသည်ကိုစစ်ဆေးတွေ့ရှိခဲ့ရသည်။


 အဆိုပါသစ်ပင်ကြီး ခုတ်လှဲသူများကို ဥပေဒအရ အရေးယူဆောင်ရွက်နိုင်ရန် မြို့နယ်ဦးစီးအရာရှိ ဦးကျော်ဆန်းမိုး ကတရားလိုပြုလုပ်၍ မြို့လှနယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်သည်။

 အမှုမှန်ပေါ်ပေါက်ရေအတွက် ပဲခူးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်ဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ဦး၊ မြို့လှနယ်မြေရဲစခန်း စခန်းမှူး ရဲအုပ် သန်းဝင်းနှင့်အဖွဲ့မှ ကွင်းဆင်းစစ်ဆေးဖေါ်ထုတ်ခဲ့ရာ မြို့လှမြို့အနောက် မြောက် ဘက်(၁ဝ)မိုင်ခန့်အကွာရှိ ဇရစ်စမ်းကျေးရွာနေသူများဖြစ်ကြသော ဘိုစိန်(၃၈) နှစ်ပါ(၃)ဦးအား ဖေါ်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ပြည်သူပိုင်ပစ္စည်းများကာကွယ်ထိန်းသိမ်းစောက်ရှောက် ရေးဥပဒေ ပုဒ်မ၆(၁)ဖြင့်ဆက်လက်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
နှစ်သက်တမ်း ၁ဝဝ ကျော် သက်တမ်းရှိ ကညင်ပင်ကြီး ခုတ်လှဲသူများကို ဖေါ်ထုတ်အရေးယူ နှစ်သက်တမ်း ၁ဝဝ ကျော် သက်တမ်းရှိ ကညင်ပင်ကြီး ခုတ်လှဲသူများကို ဖေါ်ထုတ်အရေးယူ Reviewed by THITHTOOLWIN on 23:19 Rating: 5
Powered by Blogger.