ရန်ကုန်-ပြည် မီးရထားလမ်းတွင် ကားရထားနှင့် ဖောကားယာဉ် တိုက်မှုဖြစ်ပွား


ပေါင်းတည် ဇန်နဝါရီ ၁၉

ပေါင်းတည်မြို့ ရန်ကုန်-ပြည် မီးရထား လမ်းတွင် ယနေ့ နံနက် ၈ နာရီက ကားရထားနှင့် ဖောကားယာဉ်တို့ တိုက်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပေါင်းတည်ဘူတာမှ ပြည်မြို့သို့ ထွက်ခွာလာသော အမှတ် (၆ဝ၉)အဆန် မီးရထားစက်ခေါင်း အမှတ်RBE-2513 စက်ခေါင်းမောင်း ဦးအောင်မျိုး မောင်းနှင်သော ကားရထားသည် တောင်ဘို့လှအုပ်စု တောင်ဘို့လှရွာ ဆည်မြောင်းမကြီး အနီး မီးရထားသံလမ်းမှတ်တိုင် အမှတ်(၁၃၂/၉)နှင့်(၁၃၂/၁ဝ)ကြား အရောက်တွင် ယာဉ်မောင်းဝင်းသူ မှတ်တိုင်လမ်း ပျဉ်းပင်ကန်ရပ်ကွက် ပေါင်းတည်မြို့နေသူ မောင်းနှင်လာ သော MDY/7L---- ဖောကား အဖြူရောင် ခြောက်ဘီးယာဉ်သည် တရားမဝင်ဖောက်လုပ်ထားသည့် မီးရထားလမ်းကူးအား ဖြတ်သန်း မောင်းနှင်စဉ် ဝင်ရောက်တိုက်မိခဲ့ သဖြင့် ဖောကားမှာ တိမ်းမှောက်သွား ခဲ့သည်။

ကားရထားပေါ်တွင် လိုက်ပါစီးနင်း လာသော နတ်တလင်းမြို့နယ် ရွာမ ရပ်ကွက် မဟာစည် သာသနာ့ရိပ်သာ မှ သီလရှင် ဒေါ်ပညာသီရိမှာ ဦးခေါင်း ပေါက်ပြဲဒဏ်ရာနှင့် ဒေါ်တိဣစာရီ မှာ ဝဲဘက်နံဘေးနာကျင်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိသွားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပေါင်းတည်မြို့မရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

တင်ဝင်းဇော်(မင်းသားကြီး)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ရန်ကုန်-ပြည် မီးရထားလမ်းတွင် ကားရထားနှင့် ဖောကားယာဉ် တိုက်မှုဖြစ်ပွား ရန်ကုန်-ပြည် မီးရထားလမ်းတွင် ကားရထားနှင့် ဖောကားယာဉ် တိုက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 12:40 Rating: 5
Powered by Blogger.