![]() |
ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်အား ထောက်ခံကြောင်း တောင်ကုတ်မြို့ ဒေသခံများက ဆန္နဖော်ထုတ် |
ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်အား ထောက်ခံကြောင်း တောင်ကုတ်မြို့ ဒေသခံများက ဆန္နဖော်ထုတ်ပွဲ တစ်ရပ်ကို ယနေ့ ဇန်နဝါရီလ ၂ရက်၊နေ့လည် ၂နာရီအချိန်မှ စတင်၍က တောင်ကုတ်မြို့နယ် ဖောင်တော်ဦးဘုရားမှ စတင်ပြီး လှည့်လည် ဆန္နဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။
“ ကျွန်တော်တို့ အခုလိုဆန္နထုတ်ဖော်ရတာဟာ ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်အပေါ် အစိုးရအလုပ်တွေနဲ့ ပတ်သက်ပြီးတော့ တာဝန်မကျေဘူးဆိုပြီး တစ်ဖက်က လွှတ်တော်အမတ်တွေက စွပ်စွဲချက် တွေကို ကျွန်တော်တို့အနေနဲ့ အယုံအကြည်မရှိဘူး၊ဒါကြောင့် ဦးမင်းအောင်ဟာ ပြည်နယ်အတွက် အလုပ်လုပ်တယ် သူတို့ စွပ်စွဲသလို မဟုတ်ဘူး ဆိုတာကို ထောက်ခံတဲ့အနေနဲ့ ပြုလုပ်ရတာပါ ”ဟု ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီးဦးမင်းအောင်အား ထောက်ခံ ဆန္နပြပွဲအားဦးဆောင်သူ ဦးစိုးသီဟက ရခိုင်ဂေဇက်သို့ပြောသည်။
အဆိုပါဆန္ဒထုတ်ဖော်ပွဲတွင် We Stand With U Min Aung ( ဦးမင်းအောင်အား ကျွန်ုပ်တို့ အပြည့်အဝထောက်ခံပါသည်) စသည့်ကြွေးကြော်သံဖြင့် လူထုအင်အား ၂၅၀၀ကျော်ခန့်က ပါဝင် ဆန္နဖော်ထုတ်ခဲ့ကြကြောင်း တောင်ကုတ်ဒေသခံများထံမှ သိရသည်။
ယင်းအပြင်" ရွှေအကြောင်း ဖယောင်းသိသည်။ လူအကြောင်း သမိုင်းသိသည်။ ဦးမင်းအောင်၏ နိုင်ငံရေးသမိုင်းတွင် အမဲစက်မရှိပါ။" "ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးမင်းအောင်၏ နိုင်ငံရေး စာရိတ္တကို အပြည့်အဝယုံကြည်သည်"။" ဦးမင်းအောင်သည် ကန်ထရိုက်ဝန်ကြီးမဟုတ်။" "ပြည်သူ့ဝန်ကြီးအား နိုင်ငံရေးအရ လုပ်ကြံနာမည်ဖျက်ခြင်းအား ပြင်းထန်စွာရှုပ်ချသည် "စသော ဗွီိနိုင် ပိုစတာများကိုပါ ကိုင်ဆောင်လျက် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း လည်းသိရသည်။
လင်းလက်ခန့်(လခြမ်းမြေ)
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
ဝန်ကြီး ဦးမင်းအောင်အား ထောက်ခံကြောင်း တောင်ကုတ်မြို့ ဒေသခံ လူထုအင်အား ၂၅၀၀ကျော်ခန့်က ဆန္နဖော်ထုတ်
Reviewed by THITHTOOLWIN
on
17:09
Rating:
