![]() |
ထီးချိုင့်မြို့နယ်ရှိနီကယ်စက်ရုံမီးလောင်မှု့ဖြစ်ပွားခဲ့ |
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ရှိ နီကယ်စက်ရုံဝင်းအတွင်း၌ ၁၁၊၁၊၁၈ ဇန်န၀ါရီလ ၁၁ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် မီးလောင်မှု့ ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။
ဖြစ်စဉ်မှာ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာ၊ တကောင်းတောင်နီကယ်စက်ရုံဝင်းရှိ ရေပူရေအေးလဲလှယ်ကန်အားပြုပြင်ရန် ဝရိန်ဆော်ရာမှ မီးလောင်မှု့ဖြစ်ပွားခဲ့ရာ ရေပူရေအေးလဲလှယ်ကန် ၃၅×၃၅ပေကို မိုးထားသော ဖိုင်ပါပြားအားလုံး နီးပါး မီးလောင်ကျွမ်းသွားကြောင်း သိရပါသည်။
အဆိုပါ မီးလောင်ရာနေရာသို့ စက်ရုံအတွင်းရှိ မီးသတ်ယာဉ် ၂ စီးနှင့် စက်ရုံလုပ်သားအင်အား ၅၀ တို့မှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ညနေ ၃နာရီ၃၀အချိန်တွင် မီးငြိမ်းသွားကြောင်း သိရပါသည်။
မီးလောင်မှု့ကြောင့် လူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်းလည်း သိရှိရပါသည်။
နီကယ်စက်မှ သံဂဟေဆက်ဝန်ထမ်း နော်လင်း၊ ကုမ္ပဏီဝန်ထမ်း၊ မဲဟင်းကျေးရွာ ထီးချိုင့်မြို့နယ်နေသူအား ထီးချိုင့်မြို့မရဲစခန်းမှ ဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း နီကယ်စက်ရုံလုံခြုံရေးရဲကင်းမှူးရဲအုပ်ကျော်တင်မှ ပြောပြသိရှိရပါသည်။
လူအောင်(ကသာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ထီးချိုင့်မြို့နယ်ရှိ နီကယ်စက်ရုံ မီးလောင်
Reviewed by THITHTOOLWIN
on
21:44
Rating:
