ရှမ်းပြည်နယ် မိုင်းနောင် - ခိုလမ် လမ်းပေါ်တွင် ဇန်နဝါရီလ ၈ရက်နေ့ နေ့ လည် ၁၁နာရီ က မိုးနဲသို့ ပြန်လာသည့် မိသားစုစီးနင်းလာသော ပရိုဘောက်အား အရပ်ဝတ် ၃ဦးက သေနတ်ရှည်များကိုင်ပြီး ရပ်တန့် ခိုင်းခဲ့သည်။
ကားမောင်းလာသူ စိုင်းရဲထက်နောင်(အထက-မိုးနဲ) အသက် ၁၅နှစ် က ကားမှန်တံခါးပိတ်လိုက်စဉ် သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဦးခေါင်းထိမှန်ကာ နေရာတင် သေဆုံးသွားသည်။
ဖခင်ဖြစ်သူထံမှ ငွေသား ၈သိန်းနှင့် မှတ်ပုံတင်များအား သေနတ်ကိုင် ၃ဦးက တောင်းယူသွားသည်ဟု သိရသည်။
အားမာန်
သံလွင်သွေးချင်း
https://www.facebook.com/thanlwinthwaychinnJournal
မိုင်းနောင် - ခိုလမ် လမ်းပေါ် ဒမြတိုက် ၉ တန်းကျောင်းသား သေနတ်မှန်သေဆုံး
Reviewed by THITHTOOLWIN
on
10:33
Rating:
