တနင်္သာရီမြိုနယ် မောတောင်နယ်စပ် မြို့မဈေးတွင် ဇန်နဝါရီလ ၆ ရက်နေ့က ကိုယ်ဝန် ၃ လ ရှိသည့် အမျိုးသမီးတစ်ဦး ဓါးဖြင့် ထိုးခံရပြီး သေဆုံးခဲ့ကြောင်း မောတောင်နယ်မြေ ရဲစခန်းမှ သိရသည်။
အသက် ၃၅ နှစ်ရှိ အမျိုးသမီးကို အသက် ၆၂ နှစ်ရှိ အမျိုးသားတစ်ဦးက အသွား ၉ လက်မ အရိုး ၆ လက်မခွဲ ပျက် ၁ လက်မရှိဓားမြောင်ဖြင့် (၅)ချက်ထိုးခဲ့သဖြင့် ဒဏ်ရာပြင်းထန်းစွာရရှိခဲ့ပြီး မောတောင်တိုက်နယ်ဆေးရုံသို့ တင်ပို့စဉ် သေဆုံးခဲ့ရကြောင်း တိုက်နယ်ဆေးရုံးမှ သိရသည်။
သေဆုံးသူအမျိုးသမီး၏ ခင်ပွန်းဖြစ်သူမှာ ဓါးဖြင့်ထိုးသည့် အမျိုးသား၏ သမီးဖြစ်သူအား ယာဉ်တိုက်မှုဖြစ်ခဲ့သည့်အတွက် တနင်္သာရီမြို့နယ် တရားရုံးရင်ဆိုင်နေရကြောင်း သိရသည်။
ယင်းယာဉ်တိုက်မှုအတွက် လျော်ကြေးမပေးသဖြင့် ဇနီးဖြစ်သူအား ဓါးဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်းမှ သိရသည်။
ဓါးဖြင့်ထိုးသည့် အမျိုးသားအား မောတောင် နယ်မြေရဲစခန်းက (ပ)၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ-၃၂၆ ဖြင့် အမူဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
Myeik News Agency
https://www.facebook.com/myeiknewsagency/
မောတောင်တွင် ကိုယ်ဝန် ၃ လရှိ အမျိုးသမီးတစ်ဦး ဈေးတွင် ဓားထိုးခံရပြီး သေဆုံးခဲ့ရ
Reviewed by THITHTOOLWIN
on
18:41
Rating:
