ဘုရားလှိုဏ်ဂူ၌ သမီးဖြစ်သူအား သားမယား ၂ ကြိမ်ပြုကျင့်


ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးမြို့၊ ဟင်္သာကုန်းရပ်ကွက် ဂဝံသံပတ်ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ ဘုရားလှိုဏ်ဂူ၌ ဖခင်အရင်းမှ (၈)နှစ်အရွယ် သမီးဖြစ်သူအား သားမယားပြုကျင့်မှုကို ဇန်န၀ါရီလ ၃ ရက်နေ့ မှာ မိခင်ဖြစ်သူမှ တိုင်းတန်းသဖြင့် အမှုဖွင့် စစ်ဆေးလျှက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

ဖြစ်စဉ်မှာ ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့ ၂၂၀၀ အချိန် ပဲခူးမြို့၊ ဟင်္သာကုန်းရပ်ကွက် ဂဝံသံပတ်ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ ဘုရားလှိုဏ်ဂူ၌ မောင်ဦး(၄၇)နှစ် သည် သမီးဖြစ်သူ မ xxxxx (၈)နှစ်အား သားမယား၂ ကြိမ်ပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုအား ဇန်နဝါရီလ ၃ ရက်နေ့ ၁၆၅၀ အချိန်တွင် မိခင် ဒေါ်အေးအေးသင်းမှ တိုင်တန်း၍ မောင်ဦး(ဖမ်းမိ)အား ပဲခူးမြို့မရဲစခန်း(ပ)၂၃/၂၀၁၈ ရာဇသတ် ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

သစ်ထူးလွင်
ဘုရားလှိုဏ်ဂူ၌ သမီးဖြစ်သူအား သားမယား ၂ ကြိမ်ပြုကျင့် ဘုရားလှိုဏ်ဂူ၌ သမီးဖြစ်သူအား သားမယား ၂ ကြိမ်ပြုကျင့် Reviewed by THITHTOOLWIN on 19:25 Rating: 5
Powered by Blogger.