တာချီလိတ်မြို့ရှိ တာလော့ရပ်ကွက်တွင် ဘုရားမီးပူဇော်ထားသည့် ဖယောင်းတိုင်လဲကျရာမှ မီးလောင်မှုဖြစ်ပွား


တာချီလိတ် ဇန်န၀ါရီ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ တာလော့ရပ်ကွက်၊ သရဖီလမ်း၊ အမှတ်(၁၅၆/စ)ရှိ အိမ်ပိုင်ရှင် ဒေါ်နာယော် ၏သမီး ဒေါ်နန်းရွှေကြာ နေထိုင်ပြီး အားကစားဝတ်စုံများရောင်းသည့် လေးထပ်တိုက်အပေါ် ဆုံးထပ်တွင် ယနေ့ ဇန်န၀ါရီလ ၆ရက်၊ နံနက် ၁၀ နာရီ ၁၀မိနစ်ခန့်က ဘုရားမီးပူဇော်ထားသည့် ဖယောင်းတိုင် လဲကျရာမှ မီးလောင်မှုဖြစ်ပွားရာ ငွေကျပ်သိန်း (၃၀)ကျော်တန်ဖိုးရှိ အားကစားဝတ်စုံများ မီးလောင်ဆုံးရှုံးခဲ့ ကြောင်း သိရသည်။


မီးလောင်မှုဖြစ်ပွားရာသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးထိန်ဝင်းတို့က ဦးဆောင်ကြီးကြပ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်လင်း နှင့် မီးသတ်တပ်ဖွဲ့ ၀င်များ၊ အရန်မီးသတ်တပ်ရင်းမှ ဒုတပ်ရင်းမှူး ဦးရဲနန္ဒာလင်း နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ်များ၊ တာချီလိတ်နာရေးကူညီမှုအသင်းနှင့် ပြည်သူများက မီးသတ်ကား (၈)စီးနှင့် အတူ ၀ိုင်းဝန်းမီးငြှိမ်းသတ်ရာ နံနက် ၁၀ နာရီ ၃၀မိနစ်ခန့်တွင် မီးလုံးဝငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့် ငွေကျပ်သိန်း သုံးဆယ်ကျော်တန်ဖိုးရှိ အားကစားဝတ်စုံများ၊ မွေ့ယာနှင့် ခြင်ထောင်များ မီးလောင်ဆုံးရှုံးခဲ့ပြီး၊ အခြားသို့ မီးကူးစက်လောင်ကျွမ်းမှုမရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားသည့် နေအိမ်မှ ဒေါ်နန်းရွှေကြာအား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေယံလင်း(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
တာချီလိတ်မြို့ရှိ တာလော့ရပ်ကွက်တွင် ဘုရားမီးပူဇော်ထားသည့် ဖယောင်းတိုင်လဲကျရာမှ မီးလောင်မှုဖြစ်ပွား တာချီလိတ်မြို့ရှိ တာလော့ရပ်ကွက်တွင် ဘုရားမီးပူဇော်ထားသည့် ဖယောင်းတိုင်လဲကျရာမှ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:10 Rating: 5
Powered by Blogger.