ကြံခင်း၊ ဇန်နဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ မြို့မရပ်ကွက်၊ ရေဖြူကန်ရပ်တွင် ဒီဇင်ဘာ (၁) ရက်နေ့ ည (၈) နာရီခန့်က ဦးကျော်နိုင်ဦး ပိုင်ဆိုင်သောနေ အိမ်မှာ ဆေးလိပ် တိုမီးကြွင်းမီးကျန်မှ တစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့သည်။
မြို့မရပ်ကွက်၊ ရေဖြူကန်ရပ်နေ ဦးကျော်နိုင်ဦး တစ်ဦးတည်းနေထိုင်သော နေအိမ်တွင် ဦးကျော်နိုင်ဦးမှာ အိမ်ပြင်သို့အရက်သောက်သွားစဉ် ၎င်းထားရှိ ခဲ့သော ဆေးလိပ်တိုမီးကြွင်းမီးကျန်မှ တစ်ဆင့်စောင်နှင့် ကြူဖျာခင်း အိပ်ရာတို့အား မီးကူးစက်လာင်ကျွမ်းခဲ့သည်။
အဆိုပါမီးလောင်ကျွမ်းမှုအား ရပ်ကွက်နေပြည်သူတစ်ဦးမှ မီးသတ်ဦးစီးဌာနသို့သတင်းပေးပို့သဖြင့် မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ်နှစ်စီးတို့ဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစောဝင်းမင်းကျော် နှင့်အရန်မီးသတ်တပ်ဖွဲ့ ဝင်များ၊ ရပ်ကွက်နေပြည်သူများမှ ပူးပေါင်းငြှိမ်းသတ်ခဲ့ရာ (၂၀၄၅)အချိန် တွင်မီးငြိမ်းခဲ့ကြောင်း မီးလောင်မှုကြောင့် ဦးကျော်နိုင်ဦး ပိုင်ဆိုင် သော အလျား(၉)ပေ၊ အနံ(၉)ပေ၊ အမြင့်(၁၂)ပေ ခန့်ရှိ သက္ကယ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်းနေအိမ်(၁)လုံး တန်ဖိုးငွေ(၁၂၁၅ဝဝိ/−)ခန့်ဆုံးရှုံးခဲ့ကြောင်းနှင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် မီးပေါ့ဆလောင် ကျွမ်းမှုဖြစ်ပွားသူ အိမ်ရှင် ဦးကျော်နိုင်ဦးအား ကြံခင်းမြို့ မရဲစခန်းမှ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ကြံခင်းမြို့နယ်၌ ဆေးလိပ်တို မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံးမီးလောင်
Reviewed by THITHTOOLWIN
on
18:41
Rating:
