မောင်တောမြို့နယ် သက္ကယ်ပြင် ဗလီရေကန်ထဲမှ လက်လုပ် သေနတ် ၃၂ လက် သိမ်းဆည်းရမိ

(ဓာတ်ပုံ- ရခိုင်ပြည်နယ် အစိုးရ)
နိရဉ္စရာ၊ ဇန်န၀ါရီ ၁၄

ရခိုင်ပြည်နယ် မောင်တောမြို့နယ် သက္ကယ်ပြင် မူဆလင်ကျေးရွာ ဗလီရှေ့ ရေကန်မှ လက်လုပ် သေနတ် ၃၂ လက်ကို ယနေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်က သိမ်းဆည်းရမိသည်ဟု မောင်တော ခရိုင် ရဲမှူုးကြီး ထွန်းမြင့်ထွန်းက အတည်ပြု ပြောကြားသည်။

“ဟုတ်တယ်ဗျာ။ ဖားရှာ၊ ငါးရှာရင်းနဲ့ သက္ကယ်ပြင်ကျေးရွာ ဗလီရှေ့ ရေကန်က တွေ့တာပါ။ စုစုပေါင်း လက်လုပ်သေနတ် ၃၂ လက်ပါ” ဟု နိရဉ္စရာသတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

သိမ်းဆည်း ရမိသည့် လက်လုပ် သေနတ် ၃၂ လက်ထဲတွင် ဗုံးပစ်လောင်ချာပုံစံမျိုး ပြုလုပ်ထားသည့် လုပ်သေနတ် ၁၇ လက်၊ လက်နက်ငယ် လုပ်သေနတ် ၁၄ လက်နှင့် နှစ်ချောင်းထောက် ပုံစံ ပြုလုပ်ထားသည့် စိန်ပြောင်းလုပ် သေနတ် ၁ လက် တို့ ဖြစ်ကြောင်း ရဲမှူးက ပြောကြားသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ရဲဌာနချုပ် အနီးတည်ရှိသည့် အောင်မင်္ဂလာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးနှင့် ၎င်းကျေးရွာသား သုံးဦးတို့သည် သက်ကယ်ပြင် (အရှေ့) ကျေးရွာ ဗလီအနီးရေကန်အတွင်း၌ ငါးရှာစဉ် လုပ်သေနတ်များ တွေ့ရှိသဖြင့် သက်ဆိုင်ရာသို့ သတင်းပေးပို့ရာမှ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ရှာဖွေစဉ် တွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။

Narinjara
https://www.facebook.com/Narinjara
မောင်တောမြို့နယ် သက္ကယ်ပြင် ဗလီရေကန်ထဲမှ လက်လုပ် သေနတ် ၃၂ လက် သိမ်းဆည်းရမိ မောင်တောမြို့နယ် သက္ကယ်ပြင် ဗလီရေကန်ထဲမှ လက်လုပ် သေနတ် ၃၂ လက် သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 19:13 Rating: 5
Powered by Blogger.