အင်းတော်ကြီးတွင် လမ်းခင်းကျောက်သယ်သည့်ကား တိမ်းမှောက်ပြီး လူတစ်ဦးသေဆုံး


မိုးညှင်း - ဇန်နဝါရီ ၁၉

အင်းတော်ကြီးဒေသတွင် အုံးစံဆိုင်-နန့်မွန်း ကားလမ်းတွင် လမ်းခင်း ကျောက်သယ်သည့် ကားတစ်စီး တိမ်းမှောက်ပြီး အခင်းဖြစ်နေရာတွင် ဇန်န၀ါရီ ၁၈ရက်နေ့ ညနေ၄နာရီခန့်က လူတစ်ဦးသေဆုံးခဲ့ကြောင်း အင်းတော်ကြီးဒေသ နန့်မွန်းကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည် ။

သေဆုံးတဲ့ လူငယ်က အုံးစံဆိုင်-နန့်မွန်း ကားလမ်းဘေးက ဘုရားတည် နေတဲ့ နေရာမှာပန်းရန် အလုပ်လုပ် နေကြတာ ရွာမှပညာရေး စုံညီပွဲတော် အတွက် ရပ်ကွက်အလုပ်ဆင်းဖို့လမ်းကြုံလိုက်လာရင်းနဲ့ အခုလိုသေဆုံး ခဲ့တာပါဟု နန့်မွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးမြင့်ကပြောသည် ။

သေဆုံးခဲ့သည့် အင်းတော်ကြီးဒေသနန့်မွန်းကျေးရွာနေ အသက်၁၉နှစ်ရှိ သိန်းလင်း ဆိုသူသည် နန့်မွန်း ကျေးရွာရှိရပ်ကွက် အလုပ်ဆင်းရန် အတွက် အုံးစံဆိုင်-နန့်မွန်း ကားလမ်းဘေးတွင် တည်ရှိနေသော ဘုရား ကုန်းမှနန့်မွန်းကျေးရွာသို့ပြန်ရန် လမ်းကြုံကားဖြစ်သည့် နန့်မွန်းကျေးရွာနေအသက်၂၁ နှစ်ရှိ ၀င်းမြင့်ထွန်းဆိုသူ မောင်းလာသော လမ်းခင်းကျောက်များ တင်လာသည့် MDY 7N----- FORLAND အမျိုး အစား အဖြူရောင်(၆)ဘီးကားအား စီးနင်းလိုက်ပါလာခဲ့ကြောင်းသိရသည်။

အဆိုပါ ကားခေါင်းတွင် သိန်းလင်း ၊အသက်၁၈နှစ်ရှိ ဂွမ်မိုင် နှင့်ဆိုင်ဝမ် ဆိုသူတို့စီးနင်းလိုက်ပါ လာကြပြီး ရှေ့တွင်သွားနေသည့် YGN 51------ FOR LAND အဖြူရောင်(၆)ဘီး ယာဉ်အားကျော်တက်စဉ် ဝဲဘက်မှန်ကို ပွတ်တိုက်မိပြီးအရှိန်မထိန်းနိုင်ဘဲလမ်း၏ ၀ဲဘက်ရှိအုတ်တိုင်များအား တိုက်မိကာတိမ်းမှောက်ခဲ့ တယ် ဟုဆိုသည်။

သိန်းလင်းဆိုသူမှာ မြေပြင်ပေါ်သို့ပြုတ်ကျပြီးယာဉ်၏၀ဲဘက် အနောက် ဘီးဖြင့် တက်ကြိတ်မိကာ သေဆုံး ခဲ့ကြောင်းသိရသည်။

ကားဘီးမှတက်ကြိတ်ခဲ့သဖြင့် သိန်းလင်းဆိုသူ၏ ခန္ဓာကိုယ် ၀မ်းဗိုက်နှင့် ခါးမှာ ပြတ်ကာ ၀မ်းဗိုက်အတွင်းမှ အူများထွက်ပြီး သေဆုံးခဲ့ပြီး ဂွမ်မိုင်ဆို သူတွင် ယာဘက်နဖူးပေါက်ပြဲဒဏ်ရာ၊ နှုတ်ခမ်းနှင့် နာခေါင်းပွန်းပဲ့ ဒဏ်ရာများယာဘက်လက်ဖမိုးတွင်ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ကြကြောင်းသိရသည်။

အဆိုပါကားအားလူသေဆုံးသည်အထိ တိမ်းမှောက်မှု ဖြစ်အောင် မဆင်မချင် မောင်းနင်ခဲ့သူဝင်းမြင့်ထွန်း ဆိုသူမှာထွက်ပြေးလွှတ်မြောက် နေသော်လည်း အမှုဖွင့်ကာရှာဖွေနေကြကြောင်း လုံးတုံနယ်မြေရဲစခန်းက သိရသည်။

EPN
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အင်းတော်ကြီးတွင် လမ်းခင်းကျောက်သယ်သည့်ကား တိမ်းမှောက်ပြီး လူတစ်ဦးသေဆုံး အင်းတော်ကြီးတွင် လမ်းခင်းကျောက်သယ်သည့်ကား တိမ်းမှောက်ပြီး လူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 17:03 Rating: 5
Powered by Blogger.