မြန်မာ - အိန္ဒိယ နယ်စပ်အနီးက ဒေသခံတွေ လွတ်လပ်စွာသွားလာခွင့် ရရှိတော့မည်

(မြန်မာ-အိန္ဒိယနယ်စပ်ကို တွေ့ရစဉ်) Photo:defenceaviationpost.com
မြန်မာနဲ့ အိန္ဒိယ နယ်စပ်မျဉ်း တဖက်တချက် ၁၀ မိုင်ခန့်အတွင်းက နှစ်နိုင်ငံဒေသခံတွေ လွတ်လွတ်လပ်လပ် ဖြတ်သန်းသွားလာခွင့် ရရှိနိုင်တော့မယ်လို့ The Hindu သတင်းစာက ဖေါ်ပြပါတယ်။

မြန်မာနဲ့ ထိဆက်နေတဲ့ အိန္ဒိယ ပြည်နယ် ၄ ခု ဖြစ်တဲ့ မီဇိုရမ်၊ မဏိပူ၊ နာဂလဲန်၊ အရူနာချီပရာဒက် ပြည်နယ်တွေမှာ နယ်စပ်နဲ့ ၁၀ မိုင်ခန့်အတွင်းက ဒေသခံတွေ အပြန်အလှန် ကူးသန်းနိုင်တော့မယ်လို့ ဆိုပါတယ်။

လာမယ့်သီတင်းပတ်အတွင်း မြန်မာအစိုးရ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံကို လာရောက်တဲ့အခါ ဒီကိစ္စကို နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုးကြဖွယ်ရှိတယ်လို့လည်း ဖေါ်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကျင်းပမယ့် သမ္မတနိုင်ငံနေ့အတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံခေါင်းဆောင် ၉ ဦးနဲ့အတူ ဧည့်သည်တော်အဖြစ် တက်ရောက်မှာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
မြန်မာ - အိန္ဒိယ နယ်စပ်အနီးက ဒေသခံတွေ လွတ်လပ်စွာသွားလာခွင့် ရရှိတော့မည် မြန်မာ - အိန္ဒိယ နယ်စပ်အနီးက ဒေသခံတွေ လွတ်လပ်စွာသွားလာခွင့် ရရှိတော့မည် Reviewed by THITHTOOLWIN on 09:05 Rating: 5
Powered by Blogger.