![]() |
ကျောက်မဲမြို့ကို ထွက်ပြေးလာတဲ့ ကြက်သေရွာသားတွေရဲ့ မီးရှို့ခံထားရတဲ့ နေအိမ်တွေကို တွေ့ရစဉ်/ ဓါတ်ပုံ - ဦးကောရိယ |
ဒီနေ့ မနက်မှာ သွားရောက်ကြည့်ရှုရာ တွေ့မြင်ခဲ့ရတာတွေကို ဆရာတော်တစ်ပါးက အခုလို မိန့်ပါတယ်။
ဒီနေ့ နေ့လယ်က တပ်မတော်အရာရှိ ၃ ဦး၊ ရဲအရာရှိ တစ်ဦးနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေဟာ နေအိမ်မီးလောင်မှုနဲ့ ပတ်သက်ပြီး တပ်မတော်က လုပ်ဆောင်တာ မဟုတ်ကြောင်း ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
ရှင်းလင်းပွဲတက်ရောက်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးက အခုလို ပြောပါတယ်။
ရှင်းလင်းပွဲ တက်ရောက်လာသူတွေကို လက်မှတ်ရေးထိုးခိုင်းတယ်လို့လည်း ဆိုပါတယ်။
အဲဒီကိစ္စအတွက် RFA က ကျောက်မဲဗျူဟာနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးထံ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ကြက်သေရွာမှာ အိမ်ခြေ ၈၀ လောက်ရှိပြီး လူဦးရေ ၅၀၀ ၀န်းကျင်ရှိပါတယ်။ ကျေးရွာအတွင်း နေထိုင်သူတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့က တပ်မတော်နဲ့ TNLA တပ်တွေအကြား တိုက်ပွဲတွေကြောင့် ကျောက်မဲမြို့ပေါ်ကို ဒီဇင်ဘာလ ၃၀ ရက် နဲ့ ၃၁ ရက်နေ့တို့မှာ ရွာလုံးကျွတ် ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
စစ်ဘေးဒုက္ခသည်တွေရဲ့ နေအိမ်တွေ ဖောက်ထွင်းခံရ၊ အိမ် ၃ လုံး မီးလောင်
Reviewed by THITHTOOLWIN
on
21:23
Rating:
