တောင်ကြီးမြို့၊ ရွှေမုဌောဘုရားအတက် လူသွားလမ်းအနီး ကြိုးဆွဲချသေဆုံးထားသော အမျိုးသားအလောင်း တစ်လောင်း တွေ့ရှိ


တောင်ကြီးမြို့၊ သစ်တောဂိတ်တောင်ဘက်၊ ရွှေမုဌောဘုရား တောင်တက်လူသွားလမ်း မုခ်ဦးအနီးတွင် ဇန်န၀ါရီလ ၁၆ ရက်၊ ညနေပိုင်းက ကြိုးဆွဲချသေဆုံးထားသော အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

"ညနေ ၄ နာရီလောက်က ရွှေမုဌောဘုရား အတက်လမ်း၊ မုခ်ဦးအနီးက သစ်ပင်တစ်ပင်မှာ အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးနေတာကို တွေ့တယ်။ အလောင်းကတော့ ပုပ်ပွနေပါပြီ။ သူဝတ်ထားတဲ့ ဘောင်းဘီနဲ့ပဲ ကြိုးဆွဲချ ထားတာပါ။ သေမှုသေခင်း ဖွင့်လှစ်စစ်ဆေးနေပါတယ်။ အခုချိန်အထိတော့ ဘယ်သူဘယ်ဝါဆိုတာ မသိရသေး ပါဘူး။ စုံစမ်းနေဆဲဖြစ်ပါတယ်"ဟု တောင်ကြီးမြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

၎င်းအမျိုးသား သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန် အလောင်းအား တောင်ကြီးမြို့၊ စ၀်စံထွန်းဆေးရုံသို့ ပို့ဆောင်ကာ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
Kanbawza Tai News
https://www.facebook.com/kanbawzatai/
တောင်ကြီးမြို့၊ ရွှေမုဌောဘုရားအတက် လူသွားလမ်းအနီး ကြိုးဆွဲချသေဆုံးထားသော အမျိုးသားအလောင်း တစ်လောင်း တွေ့ရှိ တောင်ကြီးမြို့၊ ရွှေမုဌောဘုရားအတက် လူသွားလမ်းအနီး ကြိုးဆွဲချသေဆုံးထားသော အမျိုးသားအလောင်း တစ်လောင်း တွေ့ရှိ Reviewed by THITHTOOLWIN on 21:18 Rating: 5
Powered by Blogger.