ပေါက်မြို့နယ်၌ ကြက်သွန်စိုက်တောင်သူများ ရေနစ်မြုပ်မျောပါမည်စိုးရိမ်နေရ


ပေါက် ဇန်နဝါရီ ၂

အချိန်အခါမဟုတ်မိုးရွာသွန်းမှုကြောင့် မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ယောချောင်းဘေးတစ်လျှောက် ကြက်သွန်စိုက်တောင်သူများ ရေနစ်မြုပ်မျောပါ မည်ကိုစိုးရိမ်နေကြရကြောင်း သိရသည်။

ယောချောင်းဘေးတစ်လျှောက် ကြက်သွန်စိုက်ခင်းများသည် လက်ရှိ အခြေအနေအရ မိုးဖွဲဖွဲရွာသွန်းနေပြီး မြေအောက်စိမ့်စမ်းရေများ မြင့်တက်နေခြင်းကြောင့် ကြက်သွန်စိုက်ခင်းအချို့ ရေအနည်းငယ်တက်စပြု လာ၍ ချောင်းစပ်စိုက်ခင်းအချို့မှာလည်း ချောင်းရေမြင့်တက်လာကာ စိုက်ခင်းအချို့အနည်းငယ်ရေတိုက်စားခြင်းခံရသည်။ လက်ရှိအခြေအနေအရ ပျက်စီး ဆုံးရှုံးမှုနည်းပါးသော်လည်း ဆက်လက်မိုးရွာသွန်းမည်ဆိုပါက စိုက်ခင်း များ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

ဥာဏ်တိုး(ပေါက်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ပေါက်မြို့နယ်၌ ကြက်သွန်စိုက်တောင်သူများ ရေနစ်မြုပ်မျောပါမည်စိုးရိမ်နေရ ပေါက်မြို့နယ်၌ ကြက်သွန်စိုက်တောင်သူများ ရေနစ်မြုပ်မျောပါမည်စိုးရိမ်နေရ Reviewed by THITHTOOLWIN on 10:50 Rating: 5
Powered by Blogger.