မလေးရှားနိုင်ငံက ၀န်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက် ကို လာမဲ့ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဘို့ အမည်စာရင်းတင်လိုက်ပြီ ဖြစ်ပါတယ်။
သူဟာ မိတ်ဖက် ဟောင်းဖြစ်တဲ့ လက်ရှိဝန်ကြီးချုပ် နာဂျစ်ရာဇတ်နဲ့ ရွေးကောက်ပွဲမှာ အပြိုင်ကြဲဘို့ စိန်ခေါ်လိုက်တာလည်းဖြစ်ပါတယ်။
လက်ရှိဝန်ကြီးချုပ်ရဲ့ငွေကြေးအရှုပ်တော်ပုံကြောင့် မဟာသီယာဟာ နိုင်ငံရေးလောကိကို ပြန်လည်ဝင်ရောက်လာတာဖြစ်ပါတယ်။ သူ့ကို အတိုက်အခံ လေးပါတီ ညွှန့်ပေါင်းအဖွဲ့က ခေါင်းဆောင်တွေက မနေ့က ပါတီညီလာခံမှာ အများရဲ့ထောက်ခံမှုနဲ့ ရွေးကောက်ပွဲဝင်ဘို့ ရွေးခဲ့တာဖြစ်ပါတယ်။
အသက်၉၂နှစ်ရှိပြီဖြစ်တဲ့ မဟာသီယာဟာ သူ့ရဲ့ ၁၅နှစ်တာ ၀န်ကြီးချုပ်သက်တမ်းကာလအတွင်း တိုင်းပြည်ကို တင်းတင်းကြပ်ကြပ် အုပ်ချုပ်ခဲ့သူဖြစ်တယ်လို့ ဝေဖန်သူတွေကပြောပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
ဝန်ကြီးချုပ်ဟောင်း မဟာသီယာ ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲ ၀င်မည်
Reviewed by THITHTOOLWIN
on
06:26
Rating:
