နေပြည်တော်ကနေ လိုက်ပါလာတဲ့ ခရီးသည်တစ်ဦး ခရီးသည်တင်ကားပေါ်မှာ သေဆုံးမှုတစ်ခု မိတ္ထီလာကားဝင်းမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်ကတော့ နေပြည်တော်ဘောဂသီရိကားဝင်းကနေ မိတ္ထီလာမြို့ကိုထွက်ခွာလာတဲ့ "ရွှေပြည်စံ" ကားအသင်းက ခရီးသည်တင်ကားနဲ့ ကျန်းမာရေးမကောင်းလို့ တောင်သာကို သွားရောက်လိုသူ အဲဒီအမျိုးသားကို ပတ်ဝန်းကျင်က လူတွေဆီက ငွေကြေးအလှူခံပြီး တင်ဆောင်လာတာဖြစ်တယ်လို့ သိရပါတယ်။
မိတ္ထီလာကားဝင်းအတွင်းကို ကားဆိုက်ရောက်ချိန်မှာအဲဒီလူနာဟာ ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေကြောင်း သိရတာဖြစ်ပြီး အဲဒီသေဆုံးမှုကို ဇန်နဝါရီ(၁၇)ရက် ညနေ(၅)နာရီခန့်က မိတ္ထီလာအမှတ်(၂)နယ်မြေရဲစခန်းက ဖုန်းသတင်းအရ ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။ ဆက်လက်စုံစမ်းစစ်ဆေး ရာမှာ သေဆုံးသူဟာ တောင်သာမြို့ အမှတ်(၂)ရပ်ကွက်နေသူဖြစ်ကြောင်း သေဆုံးသူမှာ ပါလာတဲ့မှတ်ပုံတင်ကတ်ပြားအရ သိရပါတယ်။
အဲဒီအမှုကို ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ်၊ မဟုတ် စစ်ဆေးနေပြီး မိတ္ထီလာ အမှတ် (၂)နယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၂/၂၀၁၈ နဲ့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီသတင်းကို ဘိုဘို(မလှိုင်)က ပေးပို့တာဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb
ခရီးသည်တင်ကားပေါ်တွင် လိုက်ပါလာသူတစ်ဦး ကားပေါ်တွင် သေဆုံးမှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
17:58
Rating:
