ပိုက်ဆံအိတ် လုယူထွက်ပြေးလာတဲ့ လူငယ်နှစ်ဦး၏ ဆိုင်ကယ်ကို ရပ်ကွက်နေပြည်သူများနဲ့ လှည့်ကင်းရဲအဖွဲ့က ၀ိုင်းဝန်းဖမ်းဆီး


မုံရွာ၊ ဇန္န၀ါရီ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ချမ်းမြ၀တီရပ်ကွက် မုံရွာတက္ကသိုလ် အနောက်ဘက် မုခ်ပေါက်အနီး နေရာတွင် ယခုလ ၁၇ မနက် ၁ နာရီ အချိန်ခန့်က ပိုက်ဆံအိတ် လုယူထွက်ပြေးလာတဲ့ လူငယ်နှစ်ဦးကို ရပ်ကွက်နေ ပြည်သူများနှင့် လှည့်ကင်းရဲအဖွဲ့ ၀ိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးလိုက်ရကြောင်း မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သန်းဝင်းထံမှ သိရသည်။

အမည်မသိ လင်မယားနှစ်ယောက်သည် ဆိုင်ကလုန်း ဆိုင်ကယ်တစ်စီးအား သလ္လာရပ်ကွက် ဗန္ဓုလလမ်းအတိုင်း အနောက်မှ အရှေ့သို့ မောင်းနှင်းလာစဉ် ၎င်းတို့နောက်မှ ကပ်လျက် စီးနင်းလိုက်ပါလာသော စကူဘီဆိုင်ကယ်စီး လူငယ်နှစ်ဦးမှ သရေပိုက်ဆံအိတ် အညိုတစ်လုံးအား လုယူထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီးရေးအဖွဲ့တွင် ပါဝင်သည့် ပြည်သူတစ်ဦးမှ ပြောသည်။

မုံရွာနယ်မြေ ရဲစခန်း လှည့်ကင်းအဖွဲ့ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်ဆန်းလင်းမှ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး “ .. ငွေကျပ် တစ်သောင်းပါ သရေပိုက်ဆံအိတ်(၁)လုံး၊ မာဏ်ထူးမြတ် အမည်ပါ မောင်သင်လိုင်စင် တစ်ခု၊ ရှေ့နောက် နံပါတ်မပါတဲ့ စကူဘီ ဆိုင်ကယ်တစ်စီး ..” အား ရှာဖွေပုံစံဖြင့် သိမ်းဆီးရရှိထားကြောင်း ပြောသည်။

ထို့ကြောင့် နယ်မြေရဲစခန်းမှူး ရဲအုပ် ဆန်းလင်းက ရပ်ကွက်နေ ပြည်သူများနှင့် လှည့်ကင်းရဲအဖွဲ့က ၀ိုင်းဝန်းပူးပေါင်း ဖမ်းဆီးလိုက်ရသည့် မောင်ကောင်းထက်နိုင် နှင့် မောင်စန်းတိုးအောင် ဆိုသူ လူငယ်နှစ်ယောက်တို့အား ရဲစခန်း(ပ) ၂၄/ ၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၇၉ / ကျင့် ၅၄ အရ အမှုရေးဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကိုတိုးကြီး( မုံရွာ)
ကိုတိုး ချင်းတွင်း (facebook)
ပိုက်ဆံအိတ် လုယူထွက်ပြေးလာတဲ့ လူငယ်နှစ်ဦး၏ ဆိုင်ကယ်ကို ရပ်ကွက်နေပြည်သူများနဲ့ လှည့်ကင်းရဲအဖွဲ့က ၀ိုင်းဝန်းဖမ်းဆီး ပိုက်ဆံအိတ် လုယူထွက်ပြေးလာတဲ့ လူငယ်နှစ်ဦး၏ ဆိုင်ကယ်ကို ရပ်ကွက်နေပြည်သူများနဲ့ လှည့်ကင်းရဲအဖွဲ့က ၀ိုင်းဝန်းဖမ်းဆီး Reviewed by THITHTOOLWIN on 07:46 Rating: 5
Powered by Blogger.