ကမ္ဘာ့အဆင်းရဲဆုံး အာဖရိကတိုက်မှာ ဆေးဝါးအတုတွေကြောင့် တနှစ်ကို လူ တသိန်းလောက် သေဆုံးနေရတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။
အနောက်အာဖရိက အိုင်ဗရီကို့စ်နိုင်ငံ မြို့တော် နဲ့ စီးပွားရေးအချက်အချာကျတဲ့နေရာတွေမှာ ဆေးဝါးတုဈေးကွက်ရှိပြီး ဆေးအတုတွေကို အာဏာပိုင်တွေသိမ်းဆည်းမီးရှို့ခဲ့ပေမယ့် မကြာမကြာ ဆိုသလို ပြန်ပေါ်လာတယ်လို့ဆိုပါတယ်။
ဆေးအတုရောင်းသူတွေကို ရဲတွေက အရေးယူ ပေမဲ့ ရဲတွေကိုယ်တိုင် ဆေးအတုတွေ ရောင်းနေတာလို့လည်း လမ်းဘေးက ဆေးအတုရောင်းသူတဦးက ပြောပါတယ်။ အကိုက်အခဲပျောက်ဆေးအတုက အစ၊ ပဋိဇီဝဆေးအတု အလယ်၊ ငှက်ဖျားပျောက်ဆေးအတုသာ မက ကိုယ်ခံစွမ်းအားကျဆင်း ရောဂါကုဆေးအတ အဆုံးဆေးမျိုးစုံ ထိရောင်းချနေပြီး ကိုယ်ပိုင်ဆေးခန်းတွေကတောင် လာဝယ်တယ်လို့ပြောပါတယ်။
https://www.timeslive.co.za/news/
RFA Burmese
https://www.facebook.com/rfaburmese
ဆေးဝါးအတုတွေကြောင့် အာဖရိကမှာ တနှစ် လူတသိန်းခန့် သေဆုံး
Reviewed by THITHTOOLWIN
on
07:43
Rating:
