ရဲစခန်း နယ်​ထိန်း​ခေါင်း​ဆောင် ​ရဲအုပ်​ ကို လိုင်​စင်​မဲ့ကား ကိစ္စဖြင့် ရဲတပ်​ဖွဲ့က ဖမ်းဆီးအ​ရေးယူထား


ပေါင်​ - ဇန္နဝါရီ ၁၂

မွန်ပြည်နယ် ပေါင်မြို့ နယ် ​ပေါင်​ရဲစခန်းမှ နယ်​ထိန်း​ခေါင်း​ဆောင်​ရဲအုပ်​ ကို လိုင်​စင်​မဲ့ကား
သယ်​​ဆောင်​သည့်အဖွဲ့ ၌ ပါဝင်​ခြင်း ၎င်း၏​နေအိမ်​​ရှေ့ ၌ လိုင်​စင်​မဲ့ကား တစ်​စီးစစ်​​ဆေး​တွေ့ရှိခြင်းတို့​ကြောင့် ရဲတပ်​ဖွဲ့က ဖမ်းဆီးအ​ရေးယူထားသည်​ဟု သိရသည်​။

ဘားအံမြို့နယ်​ အိန္ဒု နားတွင်​ ရဲတပ်​ဖွဲ့က စစ်​​ဆေးစဉ်​ လိုင်​စင်​မဲ့ယာဉ်​ ၃ စီးသယ်​​ဆောင်​ရာ၌ ပါဝင်​​နေသဖြင့် ရဲအုပ်​သက်​စိုးဦးကို ဇန္နဝါရီလ ၁၁ ရက်​ည​နေ ၃နာရီခွဲက ဖမ်းဆီးထားခဲ့သည်။

၎င်း၏​နေအိမ်​ဖြစ်​​သော ​ပေါင်​မြို့နယ်​ ကျွဲခြံ​ကျေးရွာ မင်းလမ်း အိမ်​အမှတ် ​၉ ​ရှေ့၌ Ford Ranger အဖြူ​ရောင်​ ကားအား ​ပေါင်​ရဲစခန်းမှုး ဒုရဲမှုးထွန်း​ဇော်​ဦးနှင့်အဖွဲ့မှ ထို​နေ့ည​နေ ၅ နာရီ​ကျော်​အချိန်​က စစ်​​ဆေးစဉ် ​ရဲအုပ်​သက်​စိုးဦးပိုင်​ ကားဖြစ်​​ကြောင်း ယာဉ်​​မောင်းသူ မင်း​အောင်​မြင့်မိုး (​အောင်​ ၀ပ်​​ရှော့ ​ပေါင်းရပ်​ကွက်​ ဘူတာပိုင်း)က အစစ်​ခံချက်​အရ ၎င်းတို့ကို ​ပေါင်​ရဲစခန်း (ပ) ၁၁ /၂၀၁၈ ပို့ကုန်​သွင်းကုန်​ဥပ​ဒေပုဒ်​မ ၈ အရ အ​ရေးယူထားသည်​။

Paung Daily
https://www.facebook.com/paungdaily
ရဲစခန်း နယ်​ထိန်း​ခေါင်း​ဆောင် ​ရဲအုပ်​ ကို လိုင်​စင်​မဲ့ကား ကိစ္စဖြင့် ရဲတပ်​ဖွဲ့က ဖမ်းဆီးအ​ရေးယူထား ရဲစခန်း နယ်​ထိန်း​ခေါင်း​ဆောင် ​ရဲအုပ်​ ကို လိုင်​စင်​မဲ့ကား ကိစ္စဖြင့် ရဲတပ်​ဖွဲ့က ဖမ်းဆီးအ​ရေးယူထား Reviewed by THITHTOOLWIN on 19:29 Rating: 5
Powered by Blogger.