သမ္မတရှီကျင့်ပင်ကို ဝေဖန်စာရေးသူ ရှေ့နေ လိုင်စင်သိမ်းခံရ


တရုတ်သမ္မတရှီကျင့်ပင်ကို ဝေဖန်တဲ့ အိတ်ဖွင့်ပေးစာတစောင်ရေးသားတဲ့အတွက် အာဏာပိုင်တွေက သူ့ရဲ့ ရှေ့နေလိုင်စင်ကို သိမ်းလိုက်တယ်လို့ ထင်ရှားတဲ့ တရုတ်လူ့အခွင့်အရေးရှေ့နေ Wu Wensheng က ပြောကြားပါတယ်။

လူ့အခွင့်အရေးရှေ့နေတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို နှစ်ပေါင်းများစွာ နှိမ်နင်းနေတာနဲ့ ရာနဲ့ချီတဲ့ လူ့အခွင့်အရေးရှေ့နေတွေနဲ့ ဒါဇင်ချီတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေ ဖမ်းဆီးခံရတာကို အကြောင်းပြုပြီး အာဏာရကွန်မြူနစ်ပါတီကို ဘေဂျင်းမြို့အခြေစိုက်တဲ့ ရှေ့နေ Wu က အကြိမ်ကြိမ် ဝေဖန်ပါတယ်။

သမ္မတရှီဟာ နိုင်ငံ့အာဏာ ခိုင်ခိုင်မာမာဆုပ်ကိုင်ဖို့ လုပ်ဆောင်နေတဲ့အတွက် တရုတ်နိုင်ငံကို ဦးဆောင်ဖို့ မသင့်လျော်ဘူးလို့ အိတ်ဖွင့်ပေးစာတစောင်ရေးသားမှုနဲ့ ရှေ့နေ Wu ကို အာဏာပိုင်တွေက မနှစ်က အောက်တိုဘာလတုန်းက ခဏထိန်းသိမ်းခဲ့ပါတယ်။

အခုလည်း သူ့ရှေ့နေလိုင်စင်ကိုသိမ်းလိုက်တာဟာ အိတ်ဖွင့်ပေးစာရေးတဲ့အတွက် လက်တုံ့ပြန်မှု တစိတ်တပိုင်းပဲလို့ ယူဆတဲ့အကြောင်း၊ ဒီလိုလုပ်တာဟာ လူ့အခွင့်အရေးလှုပ်ရှားမှုကို မဆုတ်မနစ်လုပ်ဖို့ စိတ်ပိုင်းဖြတ်ပေးသလိုဖြစ်တဲ့အကြောင်း၊ သူဟာတုံ့နှေးဆုတ်ဆိုင်းသွားမှာ မဟုတ်တဲ့အကြောင်း ရှေ့နေ Wu က ပြောပါတယ်။

https://www.reuters.com/
RFA Burmese
https://www.facebook.com/rfaburmese/
သမ္မတရှီကျင့်ပင်ကို ဝေဖန်စာရေးသူ ရှေ့နေ လိုင်စင်သိမ်းခံရ သမ္မတရှီကျင့်ပင်ကို ဝေဖန်စာရေးသူ ရှေ့နေ လိုင်စင်သိမ်းခံရ Reviewed by THITHTOOLWIN on 08:30 Rating: 5
Powered by Blogger.