ရန်ကုန် ဇန်နဝါရီ ၁၁
မရမ်းကုန်းမြို့နယ် ဘုရင့် နောင်နယ်မြေအတွင်း ဇန်န၀ါရီလ ၁၀ ရက်နေ့  ညပိုင်းက စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ မရမ်းကုန်းမြို့နယ် (၃)ရပ်ကွက် ခရမ်းစုလမ်းနေ အကြော်ရောင်းသည့် ဒေါ်မိုးမိုးသူ (၄ဝနှစ်)မှာ ဇန်န၀ါရီလ ၁၀ ရက်နေ့ည ၇ နာရီခွဲ က နေအိမ်၌ရှိနေစဉ် မရမ်းကုန်း မြို့နယ် (၃)ရပ်ကွက် ကျိုက်ဝိုင်း ဘုရားလမ်း မရမ်းစုမေတ္တာလမ်း ထိပ်၌ ခင်ပွန်းဖြစ်သူ ဦးအေးသွင် (၄၅နှစ်)မှာ တစ်ရပ်ကွက်တည်းနေ ဂါလီနင်း အလုပ်လုပ်ကိုင်သည့် ကိုကြည်ခိုင် (၄၁နှစ်)နှင့် ရန်ဖြစ် ရာမှ ပက်လက်အနေအထားသွေး များဖြင့် ဝဲဘက်ရင်အုံတွင်ထိုးသွင်း ဒဏ်ရာတစ်ချက်၊ ဝဲဘက်ရင်ညွန့် တွင် အရိုးအခြေမှ ကျိုးကျန်နေ သော ကြက်သွန်လှီးသည့် စတီး ဓားတန်းလန်းနှင့်အတူ လဲကျ သေဆုံးနေသည်ကိုတွေ့ရှိရခြင်းဖြစ် ပြီး အင်းစိန်ဆေးရုံသို့ပို့အပ်ရာ PR-10 ဖြင့် လက်ခံထားရှိကြောင်း သိရသည်။
အမှုမှ ဦးအေးသွင်အား သေဆုံးအောင်ဓားဖြင့် ထိုးသူတစ် ရပ်ကွက်တည်းနေကိုကြည်ခိုင်အား ဥပဒေအရ အရေးယူဆောင်ရွက် ပေးပါရန် ဇနီးဖြစ်သူဒေါ်မိုးမိုးသူ က တိုင်တန်းလာသောကြောင့် ဘုရင့်နောင်နယ်မြေရဲစခန်းမှ အမှု နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ အား ဖမ်းဆီးစစ်ဆေးပြီး ဇနီး ဖြစ်သူဒေါ်မိုးမိုးသူအား အသေး စိတ်စစ်ဆေးခြင်း၊ အခင်းဖြစ်ရပ် စစ်ဆေးခြင်းနှင့် ပတ်ဝန်းကျင် အခြေအနေများကို ဆက်စပ်စစ် ဆေးခြင်း များဆောင်ရွက်လျက် ရှိကာ ပြစ်မှုကျူးလွန်သူ ကိုကြည် ခိုင်အား ဘုရင့်နောင် နယ်မြေရဲ စခန်းမှ (ပ)၂၅/၁၈ရာဇသတ်ကြီး ဥပဒေ၃ဝ၂ဖြင့်အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။
မောင်စိန်ဝင်း
The Union Daily
https://www.facebook.com/uniondaily.net
မရမ်းကုန်းမြို့နယ်အတွင်း စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
19:37
Rating:
