အစာအိမ်ချည်ပေါက်ရောဂါခံစားနေရသူ အမျိုးသမီး ကိုယ့်ကိုကိုယ် ဓါတ်ဆီလောင်းမီးရှို့အဆုံးစီရင်


နေပြည်တော်၊ ဇန်န၀ါရီ ၂။

အမျိုးသမီးတစ်ဦးသည် ဇန်န၀ါရီလ ၁ ရက်နေ့က နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇ၀နဒီပရပ်ကွက် စကားဝါလမ်း အိမ်အမှတ် ၃၀၃၉၆ တွင် မိမိကိုယ်ကို ဓါတ်ဆီလောင်းမီးရှို့ သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဉ်သည် နေအိမ်အနောက်ဘက်နှင့် အုတ်တံတိုင်းကြားတွင် ပက်လက်ယက်အနေအထားဖြင့် မီးလောင် သေဆုံးနေကြောင်း သိရှိရသည်။

သေဆုံးသူသည် အစာအိမ်ချည်အပေါက်ရောဂါခံစားနေရပြီး စိတ်ညစ်ကြောင်း အမြဲပြောဆိုနေခဲ့သည့်ဟု ၎င်း ၏ အစ်မက ရဲစစ်ချက်တွင် ထွက်ဆိုထားသည်။

နေအိမ်ရှေ့ ကုန်စုံဆိုင်တွင် မိသားစုများရှိနေစဉ် သေဆုံးသူသည် ဓါတ်ဆီ ၂ ဂါလံ ဖြင့် ကိုယ်ပေါ်လောင်းချ မီးရှို့ သေဆုံးခဲ့ခြင်းဖြစ်ပြီး သေဆုံးခြင်းနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် မမစ (ထုံးဖို) ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၁/၂၀၁၈ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

ကြယ်စင်ခ (နေပြည်တော်)
Central News Myanmar
https://www.facebook.com/CNMyanmar/
အစာအိမ်ချည်ပေါက်ရောဂါခံစားနေရသူ အမျိုးသမီး ကိုယ့်ကိုကိုယ် ဓါတ်ဆီလောင်းမီးရှို့အဆုံးစီရင် အစာအိမ်ချည်ပေါက်ရောဂါခံစားနေရသူ အမျိုးသမီး ကိုယ့်ကိုကိုယ် ဓါတ်ဆီလောင်းမီးရှို့အဆုံးစီရင် Reviewed by THITHTOOLWIN on 17:34 Rating: 5
Powered by Blogger.