တောင်တွင်းကြီး - ဇန်နဝါရီ (၁၅) ရက်
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ ၊ တောင်ပြင်(၂)ရပ်ကွက်၊ ရွှေမော်ဓောလမ်း ၊ သမိုင်းဝင်ရွှေမော်ဓော စေတီတော်၏ ဗုဒ္ဓပူဇနိယဘုရားပွဲတော် ဖျော်ဖြေရေးမဏ္ဌပ်အနီးတွင် ဇန်န၀ါရီလ ၁၅ ရက်နေ့  ယနေ့ ည (၈းဝဝ) နာရီ အချိန်ခန့်က ဓါးထိုးမှုဖြစ်ပွား သွားခဲ့ပါသည်။
ထိခိုက်ဒဏ်ရာရရှိသူ(၂)ဦးအား တောင်တွင်းကြီးမြို့ နယ် အရံမီးသတ်တပ်ရင်းမှ တပ်ဖွဲ့ဝင်များမှ ရှေးဦးသူနာပြု စုမှုများဖြင့် ဆောင်ရွက်ပေးခဲ့ပြီး တောင်တွင်းကြီးမြို့ နယ် ပြည်သူ့ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ကြပါသည်။
၎င်းဒဏ်ရာရရှိသူ(၂)ဦးစလုံး တောင်တွင်းကြီးမြို့ နယ် ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုများ ခံယူနေပြီ ဖြစ်ပါသည်။ ပြစ်မှုကျူးလွန်သူ(၁)ဦးအား အခင်းဖြစ်ပွားရာနေရာတွင် ဖမ်းဆီးရမိပြီး မြို့ နယ် ရဲတပ်ဖွဲ့စခန်းမှ စုံစမ်းစစ်ဆေးမှုများပြု လုပ်နေပြီ ဖြစ်ကြောင်းသိရှိရပါသည်။
Kyaw Zay Yar
တောင်တွင်းကြီး ဘုရားပွဲတော်မှာ ဓါးထိုးမှုဖြစ်
Reviewed by THITHTOOLWIN
on
22:20
Rating:
