အိုင်အက်စ် (IS) လို့ခေါ်တဲ့ အစ္စလာမ္မ်စ်နိုင်ငံတော် ထူထောင်ရေး အကြမ်းဖက်အဖွဲ့အတွက် နိုင်ငံကူးလက်မှတ်အတုတွေ ပြုလုပ်ရောင်းချနေသူ ပါကစ္စတန်နိုင်ငံသားတစ်ယောက်ကို ထိုင်းရဲတွေ ဒီကနေ့ ဖမ်းဆီးလိုက်ပါတယ်။
အသက် ၅၂ နှစ်အရွယ် မိုဟာမတ် အစ်ဘယ် (Mohammad Iqbal) ဆိုသူကို ဘန်ကောက်မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ အခုလ ၁၄ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့တာလို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
သူ့ထံကနေ စင်ကာပူနဲ့ အိန္ဒိယပတ်စပို့ အတုတွေ၊ ပြင်သစ်၊ အီတလီနဲ့ စပိန် ပြည်ဝင်ခွင့်ဗီဇာအတု ပြုလုပ်ရာမှာအသုံးပြုတဲ့ ပစ္စည်းကိရိယာတွေပါ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
သူဟာ ထိုင်းနိုင်ငံမှာ နေထိုင်ပြီး ပတ်စပို့အတု၊ ဗီဇာအတုတွေ ပြုလုပ်ရောင်းချနေတာ ၁၀ နှစ်ကျော်ရှိပြီလို့လည်း သိရပါတယ်။ မိုဟာမတ် အစ်ဘယ် အိုင်အက်စ်အကြမ်းဖက်အဖွဲ့ဝင်တွေ အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ ထိုင်းနိုင်ငံအကြား သွားလာနိုင်အောင် ဗီဇာအတု၊ ပတ်စပို့အတုတွေ လုပ်ဆောင်နေသူဖြစ်တယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီး ပရာဝတ် ဝေါင်ဆူဝမ်ကလည်း ပြောကြားထားပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
ပတ်စပို့အတု၊ ဗီဇာအတုလုပ်သူ ပါကစ္စတန်နိုင်ငံသားကို ထိုင်းရဲတွေ ဖမ်းဆီး
Reviewed by THITHTOOLWIN
on
21:16
Rating:
