အင်းတော်ကြီးဒေသ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား


မိုးညှင်း  ဇန်နဝါရီ ၈

    မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာ၏အနောက်တောင်ဘက်(၄)ဖာလုံအကွာဝေသည့် လူမနေသော ဒေါ်မဌေး၏ လယ်တဲ ပေါ်၌ ဇန်န၀ါရီ (၇ )ရက်နေ့ နေလည်၁၁နာရီခွဲအချိန်က အမျိုးသားတစ်ဦး မိမိကိုယ် မိမိ  ကြိုးဆွဲချသေဆုံးခဲ့ကြောင်း သိရသည် ။

    “ကျွန်တော့်ရဲ့သားကစိတ်ဝေဒနာရှင်တစ်ဦးပါ  မိဘများအနေနဲ့ပြောဆိုဆုံးမတာကို မကျေမနပ်ဖြစ်ပြီး ကြိုးဆွဲချ လိုက်တာလို့ထင်ပါတယ်”  ဟု သေဆုံးသူ ကိုထွန်းရွှေ၏ဖခင်ဖြစ်သူ ဦးခင်ဖေ ကပြောသည်။

    ဖြစ်စဉ် မှာ မိုးနောင်ကျေးရွာရှိ လယ်တောအတွင်းတွင်  ကြိုးဆွဲချပြီးလူတစ်ဦးသေဆုံးနေကြောင်း ကျေးရွာရာ အိမ်မှူးဦးအောင်မောင်းမှ လုံးတုံရဲ စခန်းသို့ ဖုန်းအကြောင်းကြားလာသဖြင့်  လုံးတုံရဲစခခန်းမှူး ရဲအုပ်ဗျက်စန်းနှင့်အဖွဲ့ဝင်  များက သွားရောက်စစ်ဆေးရာ  သေဆုံးသူမှာ  အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာ ဆင်ဖြူတော်ရပ်ကွက်နေ  ဦးခင်ဖေ၏ သားဖြစ်သူ အသက်(၂၈)နှစ်ရှိ ကိုထွန်းရွှေဆိုသူဖြစ်ကြောင်း သေဆုံးသူသည် အဆိုပါ တောင်ယာ တဲ့အပေါ်ကြမ်းပြင်ပေါ်အမြင့်(၈)ပေခန့်ရှိသစ်သားထုတ်တန်းတွင်အရှည်(၉)ပေခန့်ရှိသုံးပင်လိမ်နိုင်လွန်ကြိုးဖြင့် ၎င်းလည်ပင်းတွင်စွပ်ကာကြိုဆွဲချသေဆုံးခဲ့ကြောင်းသိရသည်။

    အဆိုပါသေဆုံးမှုကိုဓမ္မတာအတိုင်းသေဆုံးသည်ဟုတ်မဟုတ်ကိုသိရှိနိုင်ရန်အတွက်သေမှုသေခင်းအမှတ်စဉ်(၁) ဖြင့်အမှုဖွင့်ကာဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း လုံးတုံနယ်မြေရဲစခန်းကသိရသည်။

EPN
https://www.facebook.com/epngnews/
အင်းတော်ကြီးဒေသ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား  အင်းတော်ကြီးဒေသ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:17 Rating: 5
Powered by Blogger.