ရေတာရှည်မြို့နယ်တွင် နှစ်ရက်အတွင်း ယာဉ်မတော်တဆမှုကြောင့် ဆိုင်ကယ်စီးနင်းသူ (၂)ဦးသေဆုံး


ရေတာရှည် ဇန်နဝါရီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နှင့် ဆွာမြို့တို့တွင် နှစ်ရက်အတွင်း ယာဉ်မတော်တဆမှု ကြောင့် အမျိုးသားနှစ်ဦးသေဆုံးကာ အမျိုးသမီးတစ်ဦး(စိုးရိမ်ရ)ဒါဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဇန် နဝါရီ ၁၁ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်ခန့် ရေတာရှည်မြို့၊ တောင်ဘက် ရန်ကုန်-မန္တလေးကားလမ်း ဟောင်း မိုင်တိုင် ၁၈၇/၆ နှင့် ၇ အကြား တောင်နန်ချွန်ကျေးရွာအနီးတွင် အမျိုးသားတစ်ဦးဆိုင်ကယ် တိမ်းမှောက်ကာ ဒဏ်ရာများဖြင့် လဲကျနေကြောင်းသတင်းအရ မြို့မရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ် အောင် သာပြည့် နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ပါသည်။

 ကားလမ်းအတိုင်း တောင်မှမြောက်သို့ ဇော်မင်းဦး(၄၂)နှစ်၊ တလိုင်းနွယ်ကုန်းကျေးရွာ၊ တောင်ငူမြို့နယ်နေသူမောင်းနှင့်သည့် ယာယီ/------ ကင်ဒါ ၁၁ဝ ဆိုင်ကယ် သည့် အခင်းဖြစ်သည့် နေရာအရောက် အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်ကာ ရရှိသော ဒဏ်ရာများဖြင့်သေ ဆုံးသွားခဲ့၍ ရဲစခန်းမှ အမှုဖွင့်အရေးယူထားသည်။

 အလားတူ ဇန်နဝါရီ ၁၂ ရက်နေ့ နံနက်ပိုင်းအချိန် ဆွာမြို့မြောက် ပိုင်းရပ်ကွက်ရန်ကုန်-မန္တလေး ကားလမ်းမိုင်တိုင် ၂ဝ၁/၂ အနီးတွင် လမ်းဘေးရပ်တန့်ထားသည့် ၂၂ ဘီးထွေလာယာဉ်၏နောက်ပိုင်း အား ဆိုင်ကယ်မှဝင်ရောက်တိုက်မိကြောင်းသတင်းအရ ဆွာနယ်ရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ် ဟိန်းဝေ လှိုင် နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ပါသည်။


 ကားလမ်းအတိုင်း တောင်မှမြောက်သို့ အောင်အောင်(၃၇)နှစ်၊ ကုလားကုန်းကျေးရွာ၊ ငါးကြီးကွေ့အုပ်စု နေသူမောင်းနှင်ပြီး မဟေမာန်ဦး(၄ဝ)နှစ်၊ အမှတ်(၄)ရပ်ကွက်၊ ရေတာရှည်မြို့နေသူ လိုက်ပါစီးနင်းလာသော ၅၄ယ/------ကန်ဘို ၁၁ဝ ဆိုင်ကယ်မှ အချိန်လွန်ပြီး ရပ်တန့်ထားသည့် ၂၂ ဘီးထွေလာယာဉ်၏နောက်တွဲကိုဝင်ရောက်တိုက်မိခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူ အောင်အောင် မှာ ရရှိသောဒါဏ်ရာများဖြင့်နေရာတွင်သေဆုံးခဲ့ပြီး နောက်တွင်စီးနင်းလိုက်ပါလာသူ မဟေမာန်ဦး တွင်(စိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့၍ ဆွာနယ်မြေရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရေတာရှည်မြို့နယ်တွင် နှစ်ရက်အတွင်း ယာဉ်မတော်တဆမှုကြောင့် ဆိုင်ကယ်စီးနင်းသူ (၂)ဦးသေဆုံး ရေတာရှည်မြို့နယ်တွင် နှစ်ရက်အတွင်း ယာဉ်မတော်တဆမှုကြောင့် ဆိုင်ကယ်စီးနင်းသူ (၂)ဦးသေဆုံး Reviewed by THITHTOOLWIN on 21:27 Rating: 5
Powered by Blogger.