ဖားကန့်ဒေသတွင် မြေပြိုမှုကြောင့် ရေမဆေးသမားများ ၅ ဦး ထပ်မံသေဆုံး

ပုံ။ ဆိတ်မူကျေးရွာအုပ်စုရှိ ဝှေခါလုပ်ကွက်တစ်ခုကို တွေ့ရစဉ်
မြစ်ကြီးနား၊ ဇန်နဝါရီ ၆

ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာရှိ ကျောက်တူးဖေါ်ရေး လုပ်ကွက်တစ်ခုအတွင်း ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်း ၃ နာရီခန့်က မြေပြိုမှုကြောင့် ရေမဆေးသမား ၅ ဦးသေဆုံး၍ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဝှေခါ ကျေးရွာရှိ ကျောက်တူးဖေါ်ရေး ကုမ္ပဏီလုပ်ကွက်အတွင်း ရေမဆေးသမားများ ကျောက်ရှာဖွေနေစဉ် မြေပြိုကျခဲ့မှုကြောင့် ရေမဆေးသမား ငါးဦးမှာ ပွဲချင်းသေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ သုံးဦးကို ဖားကန့်ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူနေကြောင်း ဆိတ်မူကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

“ ငါးဦးကတော့ မြေပြို့တဲ့နေရာမှာပဲသေတယ်။ ဒဏ်ရာရရှိတဲ့လူတွေကိုတော့ ဆေးရုံမှာ ဆေးကုနေတယ်။ မစိုးရိမ်ရဘူး။ ” ဟု ယင်းက ပြောကြားသည်။

ထိုသို့ မြေပြိုရခြင်းမှာ ယခုရက်ပိုင်း နှစ်ရက်က ဖားကန့်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြင် ပျော့နေသည့်အတွက် မြေပြိုရခြင်းဖြစ်ကြောင်းနှင့် ရေမဆေးသများအနေဖြင့် ကျောက်ရှာဖွေရာတွင်လည်း အခက်အခက်များနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

ဖားကန့်ဒေသတွင် ယခုလ ဇန်နဝါရီလ ၄ ရက်နေ့နှင့် ဇန်နဝါရိ ၆ ရက်နေ့တို့တွင် မြေပြိုမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြိး မြေပြိုမှုကြောင့် ရေမဆေးသမား စုစုပေါင်း ၁၁ ဦးသေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဦးမင်းမင်းဦး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဖားကန့်ဒေသတွင် မြေပြိုမှုကြောင့် ရေမဆေးသမားများ ၅ ဦး ထပ်မံသေဆုံး ဖားကန့်ဒေသတွင် မြေပြိုမှုကြောင့် ရေမဆေးသမားများ ၅ ဦး ထပ်မံသေဆုံး Reviewed by THITHTOOLWIN on 20:25 Rating: 5
Powered by Blogger.