ယာဉ်ပေါ်မှာ ပြုတ်ကျ၍ အမျိုးသမီးတစ်ဦးသေဆုံး


ကျောက်ကြီး ဇန်နဝါရီ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မုန်းနယ်မြေရဲစခန်းအပိုင် နောင်ချိုကျေးရွာအနီး နောင်ချိုကျေးရွာနှင့် သမန်းကျင်းကျေးရွာသို့ ဆက်သွယ်ထားသော မြေသားလမ်းပေါ်တွင် ဇန်နဝါရီလ (၁၇)ရက် မွန်းလွှဲ (၂)နာရီအချိန်ခန့်က ယာဉ်ပေါ်မှ ပြုတ်ကျ၍ အမျိုးသမီးတစ်ဦး သေဆုံးမှုဖြစ်ပွားကြောင်းသိရသည်။

ဖြစ်စဉ်မှာ အရှေ့(နောင်ချိုရွာ)ဘက်မှ အနောက် (သမန်းကျင်းရွာ)ဘက်သို့ မြေသားလမ်းအတိုင်း ဘာဘား(ခ)ရာကြီးကူးမား (၃၆)နှစ်(ဘ) ဦးကစ္စနား ဖြူးမြို့နယ်နေသူမောင်နှင်ပြီး ယာဉ်ပေါ်တွင် မထက်ထက်ဝေ (၁၄)နှစ် (ဘ)ဦးမှုံကြီး သမန်းကျင်းကျေးရွာနေသူ လိုက်ပါစီးနင်လာသော ယာဉ်အမှတ် BGO 1G-4189 FAW အမျိုးအစား အပြာရောင်ယာဉ်ပေါ်မှမထက်ထက်ဝေမှာ ပြုတ်ကျ ၍ ကားနောက်ဘီးဖြင့် ကြိတ်မိကာ ဦးခေါင်းကြေမွ ဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။

သို့ပါ၍ ဘာဘား(ခ)ရာကြီးကူးမား အား မုန်းနယ်မြေရဲစခန်းက ယာဉ်(ပ)၁/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-(က)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်းသိရသည်။

ရုံးစောင့်ကြီး
ပြန်/ဆက်
Thar Gyi (facebook)
ယာဉ်ပေါ်မှာ ပြုတ်ကျ၍ အမျိုးသမီးတစ်ဦးသေဆုံး ယာဉ်ပေါ်မှာ ပြုတ်ကျ၍ အမျိုးသမီးတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 10:07 Rating: 5
Powered by Blogger.