![]() |
ရှန်ယန်ဟောင် ဝ၃ |
မြန်မာ ရေပိုင်နက်ထဲ တရုတ်-မြန်မာ နှစ်နိုင်ငံ ပညာရှင်တွေ ပူးပေါင်းပြီး အဏ္ဏဝါဗေဒ ဆိုင်ရာ စူးစမ်းလေ့လာမှုတွေ ၃ ရက်ကြာ ပြုလုပ်သွားဖို့ ရှိနေပါတယ်။
ရာသီဥတုပြောင်းလဲမှု ပြဿနာကို ကိုင်တွယ်ရာမှာ ဒေသတွင်း အခြေအနေတွေကို ဒီ သုတေသန အစီအစဉ်ကြောင့် ပိုပြီး နားလည် လာနိုင်တယ်၊ မြန်မာ့ ရေပိုင်နက်ထဲက အဏ္ဏဝါ ဇီဝမျိုးစိတ်တွေ ထိန်းသိမ်းရေး အတွက်လည်း အကျိုးရှိလာမယ် ဆိုပြီး တရုတ် သိပ္ပံ အဖွဲ့ကို ဦးဆောင်လာတဲ့ ချီယွန်က ပြောပါတယ်။
ဒီ အစီအစဉ်မှာ မြန်မာဘက်က ပညာရှင် ၅ ဦး ပူးပေါင်း ပါဝင်မယ်လို့ နားလည် ရပါတယ်။
အခုလို အဏ္ဏဝါ ဗေဒဆိုင်ရာ သုတေသန လုပ်ငန်းတွေ ပူးပေါင်း ဆောင်ရွက်မှုဟာ နှစ်နိုင်ငံကြား နိုင်ငံရေး၊ စီးပွားရေးနဲ့ ယဉ်ကျေမှု ဆိုင်ရာ ထိတွေ့မှုတွေထက် ကျော်လွန်ပြီး ဆက်ဆံရေး ပိုပြီး ကျယ်ပြန့် ခိုင်မြဲ လာစေနိုင်တယ်လို့ မြန်မာ နိုင်ငံခြားရေး ဌာနက ဆိုပါတယ်။
BBC Burmese
http://www.bbc.com/burmese
တရုတ်-မြန်မာ ပူးတွဲပြီး သမုဒ္ဒရာပြင် သုတေသန ပြုလုပ်
Reviewed by THITHTOOLWIN
on
07:45
Rating:
